ချောင်းဦး - မြင်းမူကားလမ်းတွင် စစ်ကောင်စီတပ်သားများကို PDF များက ပဒေသာမိုင်း အလုံး (၇၀)ကျော်ဖြင့် ဖောက်ခွဲ တိုက်ခိုက်

ချောင်းဦး - မြင်းမူကားလမ်းတွင် စစ်ကောင်စီတပ်သားများကို PDF များက ပဒေသာမိုင်း အလုံး (၇၀)ကျော်ဖြင့် ဖောက်ခွဲ တိုက်ခိုက်

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်းအကြား ချောင်းဦး - မြင်းမူကားလမ်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်၏ တပ်ဖွဲ့ဝင်များအား ပဒေသာမိုင်း အလုံး (၇၀)ကျော်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ ကားတစ်စီး ပျက်စီးသွားပြီး အများအပြား သေဆုံး ဒဏ်ရာရရှိသွားကြကြောင်း နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မတ်လ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

မတ်လ(၁၀)ရက်နေ့က အင်အား (၅၀)ကျော်ဖြင့် ချောင်းဦး - မြင်းမူကားလမ်းဘေးရှိ ကျေးရွာတချို့အား ဝင်ရောက်ခဲ့ပြီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများ နှင့် မိုင်းရှာကားကို မတ်လ(၁၁)ရက်နေ့တွင် မိုင်းခွဲ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းအပြင် ချောင်းဦးမှ လာသည့် စစ်ကောင်စီတပ်၏ ယာဉ် (၆)စီးကိုလည်း ပဒေသာမိုင်း အလုံး (၃၀)ဖြင့် ထပ်မံဖောက်ခွဲ တိုက်ခိုက်ရာ ကားတစ်စီး ပျက်စီးပြီး အများအပြားသေကြောင်း သိရသည်။

ယခုလို တိုက်ခိုက်ရာတွင် ချောင်းဦး၊ မြောင် နှင့် နွားထိုးကြီးတို့မှ PDF များ အပါအဝင် TTA ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားရှိသည်။