မြင်းခြံမြို့နယ် ကြည်ရွာကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင် စီတပ်သား(၂)ဦးပစ်ခတ်ခံရပြီး သေနတ်တစ်လက်ရ

မြင်းခြံမြို့နယ် ကြည်ရွာကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင် စီတပ်သား(၂)ဦးပစ်ခတ်ခံရပြီး သေနတ်တစ်လက်ရ

မန္တလေးတိုင်း မြင်းခြံမြို့နယ် ကြည်ရွာကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သား(၂)ဦး ၂၀၂၃ခုနှစ် ဇွန်လ(၁၀)ရက်နေ့ နံနက်ပိုင်းတွင် ကြည်ရွာမှ ဆီမီးခုံမြို့သို့ ဆိုင်ကယ်ဖြင့်လာစဉ် ဒေသကာကွယ်ရေးတပ်က ပစ်ခတ်ခဲ့ရာ နှစ်ဦးလုံး သေပြီး လက်နက်သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်သားနှစ်ဦးကို နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF အဖွဲ့မှ အသင့်စောင့်၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး MA1တစ်လက်၊ ၅.၅၆ ကျည်(၁၆)တောင့်နှင့် ဖုန်း(၁)လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု နောင်ရိုးအထူးပြောက်ကျားတပ်-NYSGFက ယနေ့ဇွန်လ(၁၁)ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်းအမှတ်(၆)တပ်ခွဲ(၁) နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)၊  MyinGyan MP-9 အဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency