ကျိုက်ထိုမြို့နယ်အတွင်း လှုပ်ရှားနေသည့် စစ်တပ်နှင့်ရဲပူးပေါင်းစစ်ကြောင်း ၄၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

ကျိုက်ထိုမြို့နယ်အတွင်း လှုပ်ရှားနေသည့် စစ်တပ်နှင့်ရဲပူးပေါင်းစစ်ကြောင်း ၄၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်း လှုပ်ရှားနေသည့် စစ်တပ်နှင့်ရဲပူးပေါင်းစစ်ကြောင်းအား (၄၀) မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု Kyaikhto Revolution Force (KRF) မှ သတင်းထုတ်ပြန်သည်။

ကျိုက်ထိုမြို့နယ်အတွင်း လှုပ်ရှားနေသည့် အင်အား (၂၆) ဦးခန့်ပါ စစ်တပ်နှင့်ရဲ ပူးပေါင်းစစ်ကြောင်းသည် ၂၀၂၄ခုနှစ် ဇွန်လ (၈) ရက်နေ့ ညနေလေးနာရီခန့်တွင် မုပ္ပလင်ကျေးရွာ တောရကျောင်းပတ်ဝန်းကျင်သို့ တက်လာစဉ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ (၄၀) မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုမှ သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ပြင်းထန်ဒဏ်ရာများရရှိနိုင်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အတွင်း ဒေသခံပြည်သူအမျိုးသမီးတစ်ဦး (၄၀) မမ ကျည်စထိမှန်ပြီး ခြေသလုံးရှပ်ထိဒဏ်ရာ (မစိုးရ) ရရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု Kyaikhto Revolution Force (KRF)၊ KNU/KNLA နှင့် ကျိုက်ထို ပကဖ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency