ကရင်ပြည်နယ် ကျုံဒိုးမြို့နယ် ဝိဇ္ဇာကုန်းကျေးရွာကို စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် ဧပြီလ (၁)ရက်နေ့ ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးပစ်ခတ်သည်ဟု KNU ဗဟိုက ထုတ်ပြန်သည်။
ကောင်စီတပ် စကခ(၁၂)လက်အောက်ခံ တပ်သစ်အမြှောက်ကုန်းမှ (၁၂၀)မမ လက်နက်ကြီး(၅)လုံးဖြင့် ဝိဇ္ဇာကုန်း ရွာကို ပစ်ခတ်ရာ အသက်(၅၇)နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး နှလုံးဖောက်၍ လဲကျစဉ် အုပ်ခုံနှင့် နှောက်စေ့ဒဏ် ရာဖြင့် သေဆုံးသွားသည်ဟု သိရသည်။
မတ်လ(၂၈)ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန် ပြင်းထန်သော မြေငလျင်ကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရမှု များကြောင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ယာယီအပစ်ရပ်မည်ဟု ဆိုသည်။
စစ်ကောင်စီသည် ဧပြီလ(၂)ရက်နေ့မှ (၂၂)ရက်နေ့အထိ ယာယီပစ်ခတ်တိုက်မှုကို ရပ်စဲသည်ဟု ထုတ်ပြန်ထားပြီးနောက် ဧပြီလ (၃)ရက်နေ့ နံနက် (၈)နာရီ မိနစ် (၄၀)တွင် Y-12 လေယာဉ်ဖြင့် ကချင်ပြည်နယ် ဗန်းမော်မြို့ကို ဗုံးအလုံးရေ (၃၀)ဝန်းကျင် ကြဲချတိုက်ခိုက်ခဲ့ပြီး နံနက် (၉)နာရီ မိနစ် (၅၀)တွင် MI-1ဖြင့် ဖာနိုင်းရွာနှင့် ပဲဣုတ်စွပ်ရွာတို့ကို ဗုံးသီးအလုံး (၂၀) ကြဲချတိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။
စစ်ကောင်စီသည် ယာယီအပြစ်ရပ်မည်ဟု ထုတ်ပြန်ထားသော်လည်း လေကြောင်းမှ ပျံဝဲ၍စစ်ရေးပြင်ခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းနှင့် ထိုးစစ်ဆင်ခြင်းတို့ကို စစ်ကောင်စီတပ်က ဆက်လက်ပြုလုပ်နေသည်။