ရေစကြိုမြို့နယ် ဟင်္သာရွာမှ စစ်တပ်နှင့်ပျူစောထီးများအား တော်လှန်ရေးအင်အားစုများမှ ၆၀ မမများဖြင့် ပစ်ခတ်တိုက်ခိုက်

ရေစကြိုမြို့နယ် ဟင်္သာရွာမှ စစ်တပ်နှင့်ပျူစောထီးများအား တော်လှန်ရေးအင်အားစုများမှ ၆၀ မမများဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း ပခုက္ကူခရိုင် ရေစကြိုမြို့နယ်အတွင်းရှိ ကိုးရင့်ကျေးရွာကို မီးရှို့ဖျက်ဆီးရာတွင် ပါဝင်ခဲ့သည့် ဟင်္သာရွာမှ စစ်တပ်နှင့်ပျူစောထီးများအား တော်လှန်ရေးအင်အားစုများမှ ၆၀ မမများဖြင့်  ပစ်ခတ်တိုက်ခိုက်ကြောင်း ကျေးရွာတပ်ပေါင်းစု (Myaung) မှ ၂၀၂၄ခုနှစ် သြဂုတ်လ (၁၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် သြဂုတ်လ (၆)ရက်နေ့တွင် ရေစကြိုမြို့နယ် ကိုးရင့်ကျေးရွာကို မီးရှို့ဖျက်ဆီးရာတွင် ပါဝင်ခဲ့သည့် ဟင်္သာရွာမှ စစ်တပ်နှင့်ပျူစောထီးများအား သြဂုတ်လ (၉)ရက်နေ့တွင် တော်လှန်ရေးအင်အားစုများမှ ၆၀ မမ (၁၀)လုံးကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်တပ်နှင့်ပျူစောထီးများ၏ ထိခိုက်ဒဏ်ရာရမှု အခြေအနေနှင့် ပက်သက်ပြီး အတိအကျ မသိရသေးဘဲ ၊ တော်လှန်ရေးအင်အားစုများဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ကျေးရွာတပ်ပေါင်းစု (Myaung) အဖွဲ့က ဆိုသည်။

 

အဆိုပါတိုက်ခိုက်မှုအား ကျေးရွာ​​တပ်ပေါင်းစု (Myaung)၊ မြင်းခြံခရိုင်တပ်ရင်း(၁) 27RF ၊ RBDF(Myaung) နှင့် ရေလယ်ကျွန်းတပ်ပေါင်းစုတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင် သိရသည်။

#TachileikNewsAgency