မြန်မာနိုင်ငံအတွင်း ပြင်းထန်သည့် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်မှုများအတွက် အိန္ဒိယနိုင်ငံမှ အကူအညီနှင့် ကယ်ဆယ်ရေးပစ္စည်းများ ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၉)ရက်နေ့ နံနက်ပိုင်းတွင် ရောက်ရှိသည်ဟု သိရသည်။
ယမန်နေ့က လှုပ်ခတ်ခဲ့သော ပြင်းထန်သည့်ငလျင်ကြောင့် အိန္ဒိယနိုင်ငံမှ အကူအညီနှင့် ကယ်ဆယ်ရေးပစ္စည်းများ အမြန်ပေးပို့နိုင်ရန် စစ်ကောင်စီနှင့် ညှိနှိုင်းပြီးနောက် ရောက်ရှိလာခြင်းဖြစ်သည်ဟု အိန္ဒိယသံရုံးက ထုတ်ပြန်သည်။
အိန္ဒိယလေတပ်၏ ပထမအကြိမ်လေယာဉ်သည် မြန်မာငလျင်အတွက် အကူအညီပစ္စည်းများတင်ဆောင်ပြီး ရန်ကုန်လေဆိပ်ကို ယနေ့နံနက် (၉) နာရီတွင် ရောက်ရှိလာခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ် မတ်လ(၂၈)ရက်နေ့ နေ့လယ်ပိုင်းက အင်အားပြင်း ငလျင်လှုပ်ခတ်ခြင်းကြောင့် မန္တလေး၊ စစ်ကိုင်းနှင့် နေပြည်တော်တို့အပြင် ငလျင်ဒဏ်သင့် ဒေသများတွင် ထိခိုက်ပျက်စီးမှုများပြီး လူထိခိုက်သေဆုံးသူရှိနေသည်။
မြန်မာနိုင်ငံအတွင်း ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ်(၁၂)နာရီ (၅၁)မိနစ် (၀၂)စက္ကန့်အချိန်က မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၁) ကီလိုမီတာခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မန္တလေးမြို့၏ အရှေ့ မြောက်ဘက် (၂၀) ကီလိုမီတာခန့်အကွာ)တွင် အင်အား ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိသည့် အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်သွားခြင်းဖြစ်သည်။
#TachileikNewsAgency