အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ပဲခူးတိုင်း တောင်ငူမြို့ (၁၁) ရပ်ကွက်ရှိ ကန်တော်ဗလီ ပြိုကျကာ ဗလီတက်နေသူ (၁၄)ဦးသေဆုံးသွားသည်ဟု ဒေသခံများထံမှ သိရသည်။
ထို့အပြင် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ တောင်ဆင်ကျုံးဗလီ ပြိုကျမှုတွင်လည်း (၄)ဦးသေဆုံးသည်ဟု ဒေသခံများထံမှ သိရသည်။
မန္တလေးမြို့ရှိ ရွှေဘုန်းရှိန်ဗလီတွင်လည်း ဝတ်ပြုနေချိန် ငလျင်လှုပ်ခတ်မှုကြောင့် ဗလီပြိုကျသွားပြီး အနည်းဆုံး လူ (၁၀)ဦးထက်မနည်း သေဆုံးသွားသည်ဟုလည်း ဒေသခံများထံမှ Tachileik News Agency က စုံစမ်းသိရှိ ထားရသည်။
#TachileikNewsAgency
Photo: ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် တောင်ငူနှင့် မန္တလေးမြို့ ဗလီများ ( Internet )