မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်အတွင်းဖြစ်ပွားသည့် (၇)မိုင် တိုက်ပွဲတွင် ရဲဘော်(၁၂)ဦး သေဆုံးသည်ဟု မိုးကုတ်ဗျူဟာတပ်ရင်းက ယနေ့ ၂၀၂၅ခုနှစ် မတ်လ (၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
၂၀၂၅ခုနှစ် မတ်လ(၈)ရက်နေ့က (၇)မိုင်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား ဖြစ်ပွားသည့် တိုက်ပွဲအတွင်း မိုးကုတ်ဗျူဟာမှ ရဲဘော်(၁၂)ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
မတ်လ(၅)ရက်နေ့ကစတင်၍ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း ရဲဘော် နေလင်း၊ ရဲဘော် ငဇော်၊ ရဲဘော် ပေတူး၊ ရဲဘော် ရွှေငါး၊ ရဲဘော် Solo Sai၊ ရဲဘော် Stone၊ ရဲဘော် AK5၊ ရဲဘော် Black Star၊ ရဲဘော် Brazil၊ ရဲဘော် Bible၊ ရဲဘော် ခီခီနှင့် ရဲဘော် Kino တို့ သေဆုံးရခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ (၉)ရက်နေ့ကလည်း မိုးကုတ်ဗျူဟာမှ ရဲဘော် ကျားပေါက်၊ ရဲဘော် ထွားကျိုင်း၊ ဇန်နဝါရီလ(၁၇)ရက်နေ့တွင် ရဲဘော် အိုက်ပီးတို့သည် (၇)မိုင်တိုက်ပွဲတွင် သေဆုံးခဲ့ရသည်။
(၇)မိုင်တိုက်ပွဲတွင် TNLA၊ မန္တလေး PDF တို့အပြင် တော်လှန်ရေးတပ်များ ပါဝင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။
သပိတ်ကျင်းမြို့ကို ၂ဝ၂၄ ခုနှစ် ဩဂုတ်လ(၃၀)ရက်နေ့တွင် တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီ၏ (၇)မိုင်တပ်စခန်း၊ ကျောက်ကြီးတပ်စခန်း၊ တန်းမြင့်လေ့ကျင့်ရေးကျောင်း အမှတ်(၁၃)တပ်တို့ ရှိနေသေးသည်ဟု သိရသည်။
#TachileikNewsAgency
Photo:မိုးကုတ်ဗျူဟာ