မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်က တိုက်ခိုက်ပြီး လက်နက် ခဲယမ်းများသိမ်းဆည်း 

မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်က တိုက်ခိုက်ပြီး လက်နက် ခဲယမ်းများသိမ်းဆည်း 
နိုဝင်ဘာ 21, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း မတ္တရာမြို့နယ် ဆောက်ခြုံပေါက်ရွာတွင် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များကတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း အမှတ် ၁ စစ်ဒေသထံမှ သိရသည်။

ခမရ(၇၀၁)မှ ဗိုလ်မှူး ကျော်ဇေယျဦးစီးသည့် ခမရ(၇၀၁၊ ၇၀၃၊ ၇၀၄)တို့မှ အင်အား(၇၀) ကျော်ပါ စစ်ကြောင်းအား ပြင်ဦးလွင်ခရိုင်ကွပ်ကဲရေးမှူး၏ ကွပ်ကဲမှုနှင့် အမှတ်(၅၁၀) တပ်ရင်း၊ မန္တလေးခရိုင် ပကဖ၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ မတ္တရာ မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၁၇)ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။ 

 

စစ်ကောင်စီတပ်သည် အောင်မြေသာစံမြို့နယ်ရှိ စအရ-၉၁၀ (အမှတ်-၉၁၀ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း)တွင် အင်အားစုဖွဲ့ပြီးနောက် သဖန်းဒေါင့်ရွာမှတစ်ဆင့် ဝင်ရောက်လာရာက တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က (၁၂)ဦးသေဆုံးသည်ဟု သိရသည်။

၎င်းတို့ထံမှ MA-15(ငါးကြင်းမြှီး)နှင့် MA-10 (RPG) အပါ လက်နက်(၉)လက်၊ RPG ဒုံးသီး(၈)လုံး၊ ၆၀ မမ ဗုံးသီး(၅)လုံး၊ အီနာဂါ ဗုံးသီး(၅)လုံး၊ ၅.၅၆ ကျည်(၃၅၁)တောင့်၊ G-3 ကျည်(၂၄၈)တောင့်၊ MA ကျည်အိမ်(၇)ခု၊ ကျည်အိမ်အဝိုင်းတစ်ခု၊ MA-15 ကျည်ခါးပတ်တစ်ခု၊ Equipment တစ်ခု၊ ယူနီဖောင်း(၂)စုံတို့ကို သိမ်းဆည်းရရှိသည်ဟု သိရသည်။

 

ထို့နောက် စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တက်လာသော Mi-35 ဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး မိတ္ထီလာမှ တက်လာသော ဂျက်တိုက်လေယာဉ်ဖြင့် (၅)ကြိမ် ဗုံးကြဲတိုက်ခိုက်သွားသည်ဟု သိရသည်။

#TachileikNewsAgency

Photo:အမှတ်-၁ စစ်ဒေသ