ပုလောမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားနှစ်ဦးကိုဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ပုလောမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားနှစ်ဦးကိုဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း ပုလောမြို့နယ် (၅)မိုင်ရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား(၂)ဦးကို ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

အင်အား(၅၀)ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇူလိုင်လ(၁၀)ရက်နေ့တွင် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၅)ဦးသေပြီး (၂)ဦးကို အရှင်ဖမ်းဆီးရမိသည်ဟု ဆိုသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ (၆၀)မမ စိန်ပြောင်း၊ MA-7 တစ်လက်၊ (၆၀)မမ အသီး(၃)လုံး၊ MA-1 တစ်လက်၊ MA-2 (၂)လက်၊ MA-3 (၃)လက်၊ MA-5 ပစ္စတိုတစ်လက်၊ အီနာဂါတစ်လုံး၊ လက်ပစ်ဗုံး (၆)လုံး၊ MA-14 ခြေနင်းမိုင်း (၃)လုံး၊ MA ကျည်ဘောက် (၂၇)ခု၊ MA-2 ကျည်ဘောက်အဝိုင်း တစ်ခု၊ ကျည်ဆံ (၂၄၁၂)တောင့်၊ စစ်ဦးထုပ် (၆)လုံး၊ စကားပြောစက်အသေးတစ်လုံး၊ ဖုန်း(၄)လုံး၊ ကျည်ကာ (၅)ခုနှင့် အီကွဲမင့်(၅)ခုတို့ကို သိမ်းဆည်းရရှိသည်ဟု သိရသည်။ 

အဆိုပါတိုက်ပွဲကို ပုလောဒေသကာကွယ်ရေးတပ်ဖွဲ (PRDF)နှင့် ပြည့်သူကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ တပ်ရင်း ၁ (PPDF)တို့ ပူးပေါင်းတိုက်ခိုက်ပြီး ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) တပ်ရင်း(၇) တပ်ခွဲ (၅) က စစ်ကူပေးခဲ့သည်ဟု သိရသည်။ 

ပုလောမြို့နယ်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ပြီး ပြည်သူများအနေဖြင့် စစ်ရေးသတိရှိရန်၊ စစ်ကောင်စီတပ်၏ ယာဥ်တန်းနောက် ကပ်မလိုက်ရန်၊ ဗုံးခိုကျင်းများ တူးထားရန်နှင့် ဒေသအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များကို လေးစားလိုက်နာပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency