ကျောက်မြောင်းမြို့ ခမရ ၁၂ တပ်အတွင်းရှိ ဟောင်ဝှစ်ဇာလက်နက်ကြီး အထိုင်နေရာအား တော်လှန်ရေးတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

ကျောက်မြောင်းမြို့ ခမရ ၁၂ တပ်အတွင်းရှိ ဟောင်ဝှစ်ဇာလက်နက်ကြီး အထိုင်နေရာအား တော်လှန်ရေးတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့ ခမရ (၁၂)တပ်အတွင်းရှိ ဟောင်ဝှစ်ဇာလက်နက်ကြီး အထိုင်နေရာအား တော်လှန်ရေးတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း နယ်စည်းမခြားရွှေဘိုသား(LPDF) အဖွဲ့ထံမှ သိရသည်။

ကျောက်မြောင်းမြို့ ခမရ (၁၂) တပ်အတွင်းရှိ ဟောင်ဝှစ်ဇာလက်နက်ကြီး အထိုင်နေရာအား တော်လှန်ရေးတပ်ဖွဲ့များမှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၂) ရက်နေ့ နေ့လယ် (၁၂)နာရီ ဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံးသီး (၁၀)လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး၊ လက်နက်ကြီးကောင်တာများ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များမှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း နယ်စည်းမခြားရွှေဘိုသား (LPDF)အဖွဲ့မှ ဆိုသည်။

ထို့အပြင် ဇူလိုင်လ (၂၃) ရက်နေ့ မနက်(၁၀)နာရီတွင်လည်း ရွှေဘိုမြို့မှ ခြေလျှင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများအား အုန်းပေါက်ရွာအနီးတွင် တော်လှန်ရေးတပ်ဖွဲ့များမှ  ဒရုန်းဖြင့် ဗုံးသီး (၈)လုံးခန့် ကြဲချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို နယ်စီးမခြားရွှေဘိုသား LPDF(Drone)တပ်ဖွဲ့ ၊ ရွှေဘို တာနောယက္ခ ဒရုန်းအဖွဲ့ (Drone)တပ်ဖွဲ့ ၊ Black Wolf (Drone) တပ်ဖွဲ့ နှင့် ခင်ဦးမြို့နယ် နဂါးညီနောင်(Drone)တပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency