မိုးမိတ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ အလက် ၄၀၀ ကျော်ရရှိ

မိုးမိတ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်မျိုးစုံ အလက် ၄၀၀ ကျော်ရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြိုနယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို သိမ်းပိုက်ရာ လက်နက်မျိုးစုံ (၄၀၀)ကျော် သိမ်းဆည်းရရှိကြောင်း TNLA က ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ (၁)ရက်နေ့တွင် ထုတ်ပြန်သည်။

မိုးမိတ်မြို့ရှိ စကခ-၂၁ (မပခ)၊ ခမရ-၃၄၈၊ ခလရ (၂၂၃၊ ၂၇၆) ဗျူဟာမှူး အခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတိုကို ဇူလိုင်လ (၃၁)ရက်နေ့ နေ့လယ်ပိုင်းတွင် TNLA က အလုံးစုံ ဝင်ရောက်ရှင်းလင်းသိမ်းပိုက်ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

မိုးမိတ်မြို့နယ်ရှိ တပ်စခန်းများကို TNLA က ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)အတွင်း ဇွန်လ(၂၇)ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး (၄)ပတ်ကြာ ဇူလိုင်လ (၃၁)ရက်နေ့တွင်  သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စန်းများဖြစ်ကြသည့် (၃၄၈)ဗျူဟာကုန်း၊ ခလရ (၂၂၃)စခန်း၊ ခလရ (၂၆၇)စခန်း၊ ခမရ(၃၄၈)စခန်း ကင်းချောင်းစခန်း၊ ရွှေသာယာတပ်စခန်း၊ လက်ခုပ်ပင်စခန်း၊ လက်ခုပ်သံစခန်း၊ လယ်ကြီးစခန်း၊ သရက်တောစခန်း၊ မိုင်တိုင်(၆)တပ်စခန်း၊ ပလက်တီနန်၊ ဗိမာန်ကျောင်းနှင့် ရဲစခန်းအပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံတို့ကို သိမ်းပိုက်ရရှိပြီဟု ဆိုသည်။

မိုးမိတ်မြို့သည် စစ်ကောင်စီ  စကခ(၂၁) လက်အောက်ခံ တပ်ဖြစ်သည့် ခလရ(၂၂၃)၊  (၂၇၆)နှင့် ခမရ(၃၄၈)တို့ လာရောက်ထိုးစစ်ဆင်စခန်းချသည့် မြို့လည်းဖြစ်ကြောင်း သိရသည်။ 

စစ်ကောင်စီ၏ မိုးမိတ်တပ်စခန်းများကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း Jet Fighterဖြင့် (၂၉)ကြိမ်၊ Y12 လေယာဥ်ဖြင့် (၃၈)ကြိမ်၊ Y12 ဖြင့် လက်နက်ခဲယမ်းများ ကြဲချမှု (၁၄)ကြိမ်၊ လက်နက်ကြီးဖြင့် (၂၂၁)ကြိမ်၊ ပေါင် ၅၀၀ ဗုံး (၁)လုံး နှင့် အတွဲလိုက်ဒုံး (၁၈)လုံး အသုံးပြုတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲကာလအတွင်း  စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ ဟောင်ဝိဇာလက်နက်ကြီးအပါအဝင်၊  လက်နက်မျိုးစုံ (၂၅၀)လက်၊ 120 MM (၁)လက်၊ 60 MM (၁၉)လက်၊ 81 MM (၉)လက်၊ ပွိင့်ဖိုက် (၃)လက်၊ RPG (၁၆ )လက်၊ ဂျမ်းပါ (၂)စုံ၊ စိန်ပြောင်းနောက်ပွင့် (၂)လက်၊ လေယာဉ်ပစ်လက်နက် (၁)လက်၊ ပစ္စတို (၃)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရရှိသည်ဟု သိရသည်။

မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ရာတွင် လက်နက်မျိုးစုံ (၄၀၀)ကျော် သိမ်းဆည်းရရှိသည်ဟုလည်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီ မိုးမိတ်တပ်စခန်းကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့တိုမှ တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ၏ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် မိုးမိတ်ဒေသခံ (၃)ဦး သေဆုံးခဲ့ပြီး (၁၂)ဦး ဒဏ်ရာရကာ စာသင်ကျောင်း (၂)ကျောင်း လေယာဥ်ဗုံးစထိမှန်ပျက်စီးခြင်းနှင့် လူနေအိမ် (၅)လုံး မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

TNLA သည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် နောင်ချိုမြိုနှင့် မိုးကုတ်မြိုတို့ကို သိမ်းပိုက်ခဲ့ပြီးနောက် သိမ်းပိုက်ရရှိသည့်မြို့ဖြစ်လာသည်။

#TachileikNewsAgency

Photo: PSLF/TNLA News