မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၇) ရဲစခန်းအနီး၌ စစ်ကောင်စီကို ဆန့်ကျင်သည့် စာသားချိတ်ဆွဲကာ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း လှုပ်ရှားမှုပြုလုပ်သည်ဟု Voice Of Mandalay ထံမှ သိရသည်။
ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၆)ရက်နေ့ နံနက်အစောပိုင်းတွင် ၃၅ လမ်း၊ ၉၂ လမ်းရှိ အမှတ်(၇)ရဲစခန်းအနီး၌ စစ်ကောင်စီကို ဆန့်ကျင်သည့် စာသားချိတ်ဆွဲကာ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြောင်း Voice Of Mandalay က ဆန္ဒပြလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
"အကြောက်တရားကိုဖိနပ်နဲ့နင်း အာဏာရှင်ကို ဂန်းနဲ့ဗျင်း"ဟူသော စာသားကိုချိတ်ဆွဲကာ စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြရန် ပြည်သူများအား အသိပေးမှုပြုလုပ်ခဲ့ကြခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
#TachileikNewsAgency