မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ် ကလန်းမဲရူးဈေးကြီးကို မလေးရှားအာဏာပိုင်များက ဝင်ရောက်စီးနင်းခြင်းကြောင့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား(၅၃၀)ဦး ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။
ယနေ့ ဖေဖော်ဝါရီလ (၂၂)ရက်နေ့ နံနက်ပိုင်းက အာဏာပိုင်များ ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး အထောက်အထားမပြည့်စုံသူ (၆၃၀)ဦး ဖမ်းဆီးခံခဲ့ရသည့်အထဲတွင် မြန်မာနိုင်ငံသား (၅၃၀)ဦး ပါဝင်နေသည်ဟု သိရသည်။
ဖမ်းဆီးခံရသူများမှာ ဘင်္ဂလားဒေ့ရှ်(၈၅)ဦး၊ အင်ဒိုနီးရှား(၉)ဦး၊ နီပေါ တစ်ဦး၊ အိန္ဒိယ (၅)ဦးနှင့် မြန်မာနိုင်ငံသား (၅၃၀)ဦးတို့ဖြစ်သည်ဟု မလေးရှားသတင်းများက ဖော်ပြသည်။
ဖမ်းဆီးခံရသူများကို မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့်အရေးယူကာ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်ပို့မည်ဟု ရေးသားထားသည်။
ယခုရက်ပိုင်းအတွင်း မလေးရှားနိုင်ငံ ကလန်း၊ ပူးချွန်၊ ကေအယ်၊ ရှားလန်း၊ ပီးနန်း စသည့်နေရာများကို အာဏာပိုင်များက ဝင်ရောက်စီးနင်းနေသဖြင့် မြန်မာလူမျိုးများ အသွားအလာဂရုစိုက်ကြရန် သတိပေးထားသည်။
ထိုင်းနိုင်ငံတွင်လည်း ထိုင်းအာဏာပိုင်များက ဟိုတယ်၊ စားသောက်ဆိုင်နှင့် နေအိမ်များအထိ ဝင်ရောက်စစ်ဆေးခြင်းတို့ကြောင့် အထောက်အထားမရှိသည့် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံနေရသည်။
#TachileikNewsAgency