COVID 19 အတည်ပြုလူနာ (၉)ယောက်အထိရှိလာသည့် လာအိုနိုင်ငံတွင် နေအိမ်ပြင်ပသွားလာခွင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကန့်သတ်

COVID 19 အတည်ပြုလူနာ (၉)ယောက်အထိရှိလာသည့် လာအိုနိုင်ငံတွင် နေအိမ်ပြင်ပသွားလာခွင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကန့်သတ်
မတ် 30, 2020
By 🌸
COVID 19 အတည်ပြုလူနာ (၉)ယောက်အထိရှိလာသည့် လာအိုနိုင်ငံတွင် နေအိမ်ပြင်ပသွားလာခွင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကန့်သတ်

မြန်မာ့အိမ်နီးချင်း လာအိုနိုင်ငံတွင် COVID 19 အတည်ပြုလူနာ (၁)ဦးကို ဗီယင်တိုင်းမြို့တွင် တွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့အထိ စုစုပေါင်း အတည်ပြုလူနာ (၉)ဦး ရှိလာပြီဖြစ်ပြီး အများပြည်သူအနေဖြင့် အပြင်ထွက်သွားလာခွင့် မရှိတော့ဘဲ နေအိမ်တွင်သာ နေထိုင်ကြရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကန့်သတ်လိုက်ပြီဖြစ်သည်။

ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသူ ထောင်ပေါင်းများစွာရှိသည့်အနက် အသက် (၂၂)နှစ်အရွယ်  နေရပ်ပြန်အမျိုးသမီးတွင် COVID 19 ပိုးတွေ့ရသဖြင့် ဆေးရုံတွင် ကုသပေးနေပြီဖြစ်ကြောင်း လာအိုကျန်းမာရေးဌာနက မတ်လ (၃၀)ရက်နေ့တွင် အတည်ပြု ထုတ်ပြန်သည်။

လာအိုနိုင်ငံတွင် မတ်လ (၂၄)ရက်နေ့တွင်  ပထမဆုံးအတည်ပြုလူနာ (၂)ဦးကို စတင်တွေ့ရခြင်းဖြစ်ပြီး  မတ်လ (၂၅)ရက်နေ့တွင် နောက်ထပ် အတည်ပြုလူနာ (၁)ဦး၊ မတ်လ (၂၆)ရက်နေ့တွင် နောက်ထပ် အတည်ပြုလူနာ (၃)ဦးနှင့် မတ်လ (၂၈)ရက်နေ့တွင် နောက်ထပ်အတည်ပြုလူနာ (၂) ဦးတို့ကို တွေ့ရှိထားခြင်းဖြစ်သည်။

မတ်လ (၃၀)ရက်နေ့အထိ အတည်ပြုလူနာ (၉)ဦးတွင် အတည်ပြုလူနာများဖြင့် ထိတွေ့ခဲ့ရာမှ ကူးစက်ခံရသူ (၃)ဦး ပါဝင်ကြောင်း သိရသည်။

နိုင်ငံတွင်းသို့ အခြားနိုင်ငံများမှ နေရပ်ပြန်လာအိုလုပ်သား အများအပြားလည်းရှိနေပြီး အတည်ပြုလူနာ တိုးလာနေသည့်အတွက် နိုင်ငံတစ်ဝန်း အသွားအလာကန့်သတ်လိုက်ပြီး ရဲတပ်ဖွဲ့၊ စစ်တပ်၊မီးသတ်၊ ရေနှင့် လျှစ်စစ်၊ မီဒီယာသမားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာဝန်များ၊ လုပ်အားပေးလုပ်ဆောင်သူများနှင့် COVID 19 ထိန်းချုပ်ရေးနှင့်ပတ်သက်၍ လုပ်ဆောင်ရန် တာဝန်ပေးရှိသူများမှအပ  အခြားဝန်ထမ်းများအနေဖြင့် ဧပြီလ (၁)ရက်နေ့မှ (၁၁)ရက်နေ့အထိ နေအိမ်မှ အလုပ်လုပ်ကြရမည်ဖြစ်ကြောင်း သိရသည်။

အများပြည်သူအနေဖြင့်  မဖြစ်မနေလုပ်ဆောင်ရမည့်အကြောင်းကိစ္စ၊ ခိုင်လုံသည့် အကြောင်းပြချက်မရှိဘဲ နေအိမ်ပြင်ပထွက်ခွင့်ကို တားဆီးလိုက်သည်။

ယင်းအပြင် COVID 19 ကာကွယ်ရေး၊ ကုသရေးအတွက် မရှိမဖြစ်ပစ္စည်းများကို ဈေးတင်ရောင်းချခြင်းများကိုလည်း တားမြစ်ထားပြီး အများပြည်သူ ပုံမှန်လည်ပတ်ရန် မရှိမဖြစ်လိုအပ်သည့် ရုံးများ၊ ဌာနများ၊ ဆိုင်များကို စိစစ် ဖွင့်လှစ်ခွင့်ပေးထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဇာနှင်း
Source: Laotiantimes


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~