မိုင်းယောင်းမြို့တွင် နေ့ပိုင်းဖွင့်လှစ်သည့် စားသောက်ဆိုင်များ၌ Covid-19 ကာကွယ်ရေး သတ်မှတ်ချက်များ လိုက်နာမှု ရှိ မရှိ စစ်ဆေး
နေ့ပိုင်းဖွင့်လှစ်သည့် စားသောက်ဆိုင်များကို စစ်ဆေးရာတွင် မိုင်းယောင်းမြို့နယ် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီက စစ်ဆေးမှုကြီးကြပ်ရေးအဖွဲ့များ ဖွဲ့ပေးထားပြီး စားသောက်ဆိုင်များ၌ လက်ဆေးဘေစင်နှင့် လက်သန့်ဆေးရည် ထားရှိခြင်းရှိ/မရှိ၊ စားပွဲတွင် ပလပ်စတစ်ပြား အကာအရံခြားထားခြင်း ရှိ/မရှိ စစ်ဆးခြင်း၊ Covid-19 ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို အများမြင်သည့်နေရာတွင် ကပ်ထားခြင်းရှိ/မရှိ၊ ဆိုင်ရှင်များ လက်အိတ်နှင့် နှာခေါင်းစည်း(Mask) တပ်ထားခြင်း ရှိ/မရှိ နှင့် တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးဖြင့် စားသုံးနိုင်သည့် နေရာများ ဆောင်ရွက်ထားခြင်း ရှိ/မရှိ စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စားသောက်ဆိုင်များလိုက်နာရမည့် အချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိကို စစ်ဆေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။