တရုတ်နိုင်ငံတွင်း ဖမ်းဆီးခံထားရသည့် မြန်မာသင်္ဘောသားများ၏ အမှုများ အမြန်ပြီးပြတ်စေရေး မြန်မာသံရုံး မေတ္တာရပ်ခံထား
တရုတ်နိုင်ငံတွင် ဖမ်းဆီးခံထားရသည့် မြန်မာသင်္ဘောသားများအား ထိန်းသိမ်းထားသည့် စခန်း (၁၂)ခုသို့ မြန်မာသံရုံးက ဆက်သွယ်ထားပြီး ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ ကူးစက်မှု အခြေအနေများကြောင့် အမှုများ အမြန်ပြီးပြတ်ရေးအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ မေတ္တာရပ်ခံထားကြောင်း သိရသည်။
တရုတ်နိုင်ငံတွင်း ဖမ်းဆီးခံထားရသည့် မြန်မာသင်္ဘောသား အများစုမှာ တရားမဝင် မှောင်ခိုပစ္စည်း သယ်ဆောင် ရောင်းဝယ်မှုများဖြင့် ဖမ်းဆီးခံရသည့် သင်္ဘောများမှဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာသင်္ဘောသားများအား ထိန်းသိမ်းထားသည့် စခန်း (၁၂)ခုသို့ မြန်မာသံရုံးတာဝန်ရှိသူများက ဆက်သွယ်ထားပြီး ထိန်းသိမ်းခံ သင်္ဘောသားများနှင့် တွေ့ဆုံလိုသည့် မိသားစုဝင်များအား ပို့ဆောင်ပေးခြင်းများကို လုပ်ဆောင်ပေးနေသဖြင့် ဆက်သွယ်လိုသည့် သင်္ဘောသား မိသားစုဝင်များအနေဖြင့် ဘေဂျင်းမြို့ရှိ မြန်မာသံရုံးသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
လက်ရှိဖမ်းဆီးခံထားရသည့် မြန်မာသင်္ဘောသားများမှာ မှောင်ခိုပစ္စည်းတင်ဆောင်သည့် သင်္ဘောဖြစ်ကြောင်း မသိ၍ လိုက်ပါလာသူများလည်း တွေ့ရသဖြင့် မြန်မာသင်္ဘောသားများအား ကြိုတင်အသိပေးခြင်းများ လုပ်ဆောင်ပေးကြရန် မြန်မာနိုင်ငံရှိ သင်္ဘောသားအေဂျင်စီများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အသိပေးထားပြီး သက်ဆိုင်ရာဌာနများသို့ တင်ပြထားကြောင်း သိရသည်။
ထိန်းသိမ်းခံ သင်္ဘောသားများနှင့် တွေ့ဆုံလိုသည့် မိသားစုဝင်များအနေဖြင့် အောက်ဖော်ပြပါ ဆက်သွယ်ရန်လိပ်စာတို့မှ တဆင့် ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
- Myanmar Embassy, Bejing
- No.6, Dong Zhi Men Wai Street,
- Chao Yang District, Bejing
- PR.China 100500
- Ph: 8610 65324554
- Email: info@myanmarembassy.com