ရှမ်းပြည်နယ်အတွင်း စစ်မှုထမ်းရန် စုဆောင်းခံရသူများကို စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၀)တက်ရန် ကျိုင်းတုံမြို့ကို ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၁၆)ရက်နေ့က ပို့လိုက်ပြီဟု စစ်ကောင်စီဘက်က ဖော်ပြသည်။
အဓမ္မစစ်မှုထမ်းရန် စုဆောင်းခံရသူများကို ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်းကျောင်းပို့ဆောင်လိုက်ပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုကြသည်ဟု ဆိုသည်။
စစ်ကောင်စီသည် မြန်မာတစ်နိုင်ငံလုံးရှိ အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်းရှိ လူငယ်များကို စစ်မှုထမ်းရမည်ဟု ဥပဒေထုတ်ပြီးနောက် အပတ်စဉ်တစ်ခုလျှင် လူ(၄၅၀၀)နှုန်း ကောက်ယူကာ စစ်မှုထမ်းစေခိုင်းခဲ့သည်။
စစ်မှုထမ်းရပြီးနောက် ရှေ့တန်းသို့မပို့ဟု ပြောဆိုခဲ့သော်လည်း လက်ရှိတွင် ရှေ့တန်းစစ်မျက်နှာပြင်များသို့ လူသားဒိုင်းအဖြစ် တွန်းပို့ခံနေရသဖြင့် တိုက်ပွဲအတွင်း စစ်မှုထမ်းအများအပြား သေဆုံးနေရသည်။
#TachileikNewsAgency