မန္တလေးအိုးဘိုထောင်တွင် အကျဉ်းသားများ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေသော်လည်း လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရ

မန္တလေးအိုးဘိုထောင်တွင် အကျဉ်းသားများ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေသော်လည်း လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုမရ

မန္တလေးအိုးဘိုထောင်အတွင်း၌ အကျဉ်းသားများ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေသော်လည်း ထောင်အာဏာပိုင်များက ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု ပေးထားနိုင်ခြင်းမရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အဖွဲ့ထံမှ သိရသည်။

အိုးဘိုထောင်အတွင်း ဇန်နဝါရီလ ဒုတိယအပတ်မှစတင်၍ ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနေခြင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား (၄၀)ဦး ဝန်းကျင်နှင့် အကျဉ်းသူ (၂၅)ဦး ဝန်းကျင်အထိ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခဲ့ကာ ဆက်လက်ဖြစ်ပွားနေဆဲလည်းဖြစ်ကြောင်း သိရသည်။

ထောင်အာဏာပိုင်များက ဝမ်းရောဂါခံစားနေရသူများအား ဝမ်းပိတ်ဆေးတိုက်ပြီး တစ်ဦးလျှင် ဓာတ်ဆားတစ်ထုတ်နှုန်းသာ ပေးခဲ့ကြောင်း  သိရသည်။

အချို့အကျဉ်းသားများမှာ ဝမ်းလျှောမှု သက်သာသွားသော်လည်း နောက်ဆက်တွဲအနေဖြင့် ကိုယ်ခန္ဓာအနှံ့တွင် အနီရောင်အစက်အပျောက်များ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

လက်ရှိ အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းသားများအား နေ့စဉ်ကျွေး‌‌နေသည့်ထမင်းသည် စားသောက်ရန် အဆင်မပြေသည့်အတွက် ဇန်နဝါရီလ (၁၄)ရက်နေ့တွင် အကျဉ်းသူများနှင့် ထောင်အာဏာပိုင်များကြား တင်းမာမှုအချို့ ဖြစ်ခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)သည် မြန်မာပြည်အနှံ့ရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စစ်ကောင်စီ၏ ဖိနှိပ်မှုများကို အချက်အလက်နှင့်တကွ စုံစမ်းဖော်ထုတ်ပေးနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

#TachileikNewsAgency

#TNA_LE

Photo:အကျဥ်းသားများအား ကျွေးသည့် အစားအစာများကို စစ်ကောင်စီတာဝန်ရှိသူများက စစ်ဆေးနေပုံ (ပုံဟောင်း PPNM)