ရွှေကျင်မြို့နယ် လက်ယက်စခန်းသို့ ရိက္ခာလာပို့သည့် စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့  ကြားဖြတ်တိုက်ခိုက်

ရွှေကျင်မြို့နယ် လက်ယက်စခန်းသို့ ရိက္ခာလာပို့သည့် စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့  ကြားဖြတ်တိုက်ခိုက်

ပဲခူးတိုင်း ရွှေကျင်မြို့နယ် လက်ယက်စခန်းသို့ ရိက္ခာလာပို့သည့် စစ်ကောင်စီစစ်ကြောင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲမှ သတင်းထုတ်ပြန်သည်။

ရွှေကျင်မြို့နယ် ဒုံဇရစ်ကျေးရွာဘက်မှ လက်ယက်စခန်းသို့ ရိက္ခာပို့ရန် ထွက်လာသည့် အင်အား (၃၀)ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့ နံနက် (၈)နာရီတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီစစ်ကြောင်းမှ တပ်ကြပ်ကြီးအဆင့် (၁)ဦး အပါအဝင် စုစုပေါင်း (၅)ဦးမှာ နေရာတွင်သေဆုံးပြီး (၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် (၁)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲက ဆိုသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီစစ်ကြောင်းမှာ ရှေ့သို့မဆက်နိုင်တော့ဘဲ ဒုံဇရစ်‌ကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား တောင်ပိုင်းစစ်ဒေသ အမှတ် (၂)စစ်ဒေသခွဲ ကရင်အမျိုးသား (KNLA)၊ တပ်ရင်း (၇)၊ တပ်ခွဲ(၁)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း (၅၁၀၁)နှင့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲ