ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများနှင့် လှုပ်ရှားစစ်ကြောင်းများအား PDF ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက်

ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်းများနှင့် လှုပ်ရှားစစ်ကြောင်းများအား PDF ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက်

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီ အထိုင်ချ စခန်းများနှင့် လှုပ်ရှားစစ်ကြောင်းများအား ရက်ပေါင်း (၃၀) အတွင်း ဒရုန်းဖြင့် အကြိမ် (၅၀)ထက်မနည်း ဗုံးသီးကြဲချတိုက်ခိုက်ကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့အထိ ရက်ပေါင်း (၃၀)ကျော်အတွင်း ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီဒရုန်းအဖွဲ့နှင့် လှုပ်ရှားရှေ့တန်းစခန်းများဖြစ်သည့် စက်တော်ရာရွာ၊ ကြဲတံတားဂိတ်တို့အား ဒရုန်းဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်.

ထို့အပြင် တပိုကျေးရွာ ဆယ်အိမ်စုသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်နေသည့် စစ်ကောင်စီစစ်ကြောင်းအားလည်း ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ခဲ့ကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း ဒရုန်းဖြင့် အကြိမ်ရေ (၅၂)ကြိမ် ဗုံးသီး အလုံးရေ (၇၀)ထက်မနည်း အသုံးပြု ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများအား ပုလော ပကဖ ဒရုန်းတပ်ဖွဲ့ (Shadow Squad) နှင့် မြိတ်ခရိုင် တပ်ရင်း (၁)တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo:ပုလော ပကဖ (ပုံဟောင်း)