စစ်ကောင်စီရေတပ်သင်္ဘောမှ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာဘုန်းတော်ကြီးကျောင်း ပျက်စီး၊ ပေါက်တောနှင့် ပလက်ဝတို့တွင် တိုက်ပွဲများဆက်ဖြစ်နေ

စစ်ကောင်စီရေတပ်သင်္ဘောမှ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာဘုန်းတော်ကြီးကျောင်း ပျက်စီး၊ ပေါက်တောနှင့် ပလက်ဝတို့တွင် တိုက်ပွဲများဆက်ဖြစ်နေ
နိုဝင်ဘာ 27, 2023 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ရွာဘုန်းတော်ကြီးကျောင်းသို့ ကုလားတန်မြစ်ကြောင်းတလျှောက် တက်လာသည့် စစ်ကောင်စီ၏ ရေတပ်သင်္ဘောမှ ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၇)ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးသွားကြောင်း ရက္ခိုင့်တပ်တော်(AA)ထံမှ သိရသည်။

ပုဏ္ဏားကျွန်းမြို့အခြေစိုက် (၅၅၀)တပ်ရင်းမှ အရပ်သားများရှိရာသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေသည့်အပြင် စစ်တွေမြို့ အမှတ် (၁၂) ရဲတပ်ရင်းမှလည်း ပေါက်တောမြို့ဘက်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်နေကြောင်း သိရသည်။ 

ထို့အပြင် စစ်ကောင်စီမှ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကျေးရွာများအား အဆက်မပြတ် ပစ်ခတ်နေပြီး လက်နက်ကြီးကျည်ကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ကျေးရွာမှ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။              

                                                                                                                                           

လက်ရှိတွင် ပေါက်တောမြို့အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ချင်းပြည်နယ် ပလက်ဝဒေသရှိ စစ်ကောင်စီတပ်၏ နှုးဘူးဗျူဟာနှင့် တရွန်အိုင်ဗျူဟာတပ်စခန်းတို့ကိုလည်း သိမ်းပိုက်ရရှိရေး ဆက်လက်တိုက်ခိုက်နေသည်ဟု သိရသည်။

နိုဝင်ဘာလ (၂၄)ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ နတ်ဆိပ်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်သင်္ဘောမှ ပစ်ခတ်လိုက်သည့်  လက်နက်ကြီးကျည်ကျ၍ ပုဏ္ဏားကျွန်းဈေး မီးလောင်ဆုံးရှုံးခဲ့ရသည်။

#TachileikNewsAgency

Photo : CJ