စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှထွက်လာသော စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းလိုက်သည်ဟု တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှထွက်လာသော စစ်ကား(၁၀)စီးအား မုံရွာခရိုင် အမှတ်(၁၉)တပ်ရင်းနှင့် အတူ မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုများက ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့ နံနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
တိုက်ပွဲအတွင်းသို့ စစ်ကောင်စီတပ်ဘက်က ကျောက်စစ်ပုံအမြောက်တပ်မှ ဟောင်ဝှစ်ဇာ(၅)လုံးဖြင့် ပစ်ကူပေးခဲ့ပြီး မြေပြင်စစ်ကြောင်းများဖြင့်လည်း စစ်ကူပေးခဲ့ကာ တော်လှန်ရေးတပ်ပေါင်းစုမှ ရဲဘော်တစ်ဦး ကျဆုံးသည်ဟု သိရသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က အထိနာပြီး (၉)ဦးသေဆုံးကာ (၇)ဦးကို အရှင်ဖမ်းမိသည့်အပြင် ကားကြီး (၅)စီး ၊ (၁၂၂)မမ ဟောင်ဝှစ်ဇာ (၁၅)လုံး၊ RPG (၂၀)လုံး၊ (၅.၅၆)ကျည် (၄၀၀၀)တောင့်၊ (၇.၆၂)ကျည် (၅၀၀၀)တောင့်၊ ဒရုန်းဗုံးသီး အလုံး(၂၀)၊ (၆၀)မမ (၂၇)လုံး၊ မိုင်းမျိုးစုံ အလုံး(၃၀)၊ နင်းမိုင်း (၄၅)လုံး၊ Jammer စက်ကြီး (၃)လုံး၊ စက်အသေး (၂)သုံး၊ G3 နှစ်လက်၊ MA 4 တစ်လက်၊ Uzi တစ်လက်၊ (၄၀)မမ (၃)လုံးနှင့် အအခြားဆက်စပ်ခဲယမ်းများကို သိမ်းဆည်းနိုင်ခဲ့သည်ဟု သိရသည်။
တိုက်ပွဲတွင် မုံရွာခရိုင် ဗျူဟာ (၆၆) စစ်ကြောင်း (မုံရွာခရိုင် အမှတ် ၁၉ ၊၂၆၊ ၂၁)တပ်ရင်း၊ မုံရွာခရိုင် တပ်ရင်း (၂၀၊ ၂၂၊ ၁၈၊ ၂၇၊ ၂၄)၊ အရာတော်မြို့နယ် ပကဖ၊ အရာတော်မြို့နယ် ပကဖ တိုက်နယ်အမှတ် (၁၊ ၂၊ ၈၊ ၄၊ ၁၀၊ ၁၁)၊ မုံရွာမြို့ နယ်ပကဖ တိုက်နယ်အမှတ် (၂)၊ အရာတော်မြို့နယ် ပလဖ၊ BLDF၊ Golden Eagle Force ၊ Venomous Revolution Force၊ Special Revolution Force အဖွဲ့များနှင့်အတူ အခြားမဟာမိတ်အဖွဲ့များပါဝင်သည်ဟု သိရသည်။
#TachileikNewsAgency
#TNA_MAT
Photo:အမှတ်(၁) စစ်ဒေသ