ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း တာဝန်ကျနေသည့် စစ်ကောင်စီတပ်၏ လက်အောက်ခံ ပြည်သူ့စစ် (၃)ဦးသည် Chinland Defense Force – Hakha ထံ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာကြောင်း ဇန်နဝါရီလ(၇)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ပြည်သူ့စစ် (၃)ဦးသည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့ဘဲ ပြည်သူများနှင့်ပူးပေါင်းလိုသဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၃)ရက်၊ (၆)ရက်နှင့် (၇) ရက်နေ့တို့တွင် အလင်းဝင်ရောက်လာခြင်းဖြစ်သည် ဟု ဆိုသည်။
၎င်းတို့ကို သက်ဆိုင်ရာတပ်ဖွဲ့က ဆုငွေချီးမြှင့်ပြီး လွတ်မြောက်နယ်မြေရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။
စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ ပြည်သူများနှင့် ပူပေါင်းကာ တော်လှန်ရေးတွင် ပါဝင်လိုသူများကို အမြဲကြိုဆိုပြီး အချိန်မရွေးဆက်သွယ်လာနိုင်ကြောင်း CDF-Hakah က ထုတ်ပြန်ထားသည်။