ပြည်သူလူထုကို လျှပ်စစ်ဓါတ်အား အပြည့်အဝ မပေးနိုင်သည့် စစ်ကောင်စီက ဂွမြို့ ထီးတင်ပွဲသို့ လာမည့် စကစ ဝန်ကြီးများ ခရီးစဉ်များအတွင်း လျှပ်စစ်မီး မပြတ်တောက်စေရန် ညွှန်ကြား

ပြည်သူလူထုကို လျှပ်စစ်ဓါတ်အား အပြည့်အဝ မပေးနိုင်သည့် စစ်ကောင်စီက ဂွမြို့ ထီးတင်ပွဲသို့ လာမည့် စကစ ဝန်ကြီးများ ခရီးစဉ်များအတွင်း လျှပ်စစ်မီး မပြတ်တောက်စေရန် ညွှန်ကြား

ပြည်သူလူထုကို လျှပ်စစ်ဓာတ်အား အပြည့်အဝ မပေးနိုင်သည့် အာဏာ သိမ်းစစ်ကောင်စီက ၎င်းတို့ဝန်ကြီးများ၏ ရခိုင်ပြည်နယ်၊ ဂွမြို့ရှိ ထီးတော်တင်ပွဲအတွက် ရောက်ရှိနေသည့်နေရာကို မီးမပျက်‌စေရန် ညွန်ကြားထားကြောင်း ဒေသခံများထံမှ သိရသည်။

ဂွမြို့ရှိ မင်းတောင်စေတီ ထီးတော်တင်ပွဲကို ယနေ့ မတ်လ(၅) ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး  အခမ်းအနားကို နိုင်ငံတော်သဃာ့နာယကအဖွဲ့ဝင်ဆရာတော်ကြီးများနှင့် စစ်ကောင်စီခန့် ရခိုင်ပြည် နယ် ဝန်ကြီးဆိုသူများ၊ ဌာနဆိုင်ရာများ တက် ရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ယင်းထီးတော်တင်ပွဲကို ရောက်ရှိနေစဉ်အတွင်း အထက် ပါပုဂ္ဂိုလ်များတည်းခိုသည့် ဂွမြို့‌ထွေအုပ်ရိပ်သာကို မတ်လ(၄)ရက်နေ့ မှ (၆)ရက်နေ့အထိ မီးမပျက်စေရန် ညွန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

 

၎င်းတို့၏ ညွန်ကြားစာတွင် နိုင်ငံတော်ဓာတ်အားစနစ် တည်ငြိမ်စွာဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်နေသည့် အလှည့်ကျ ဓာတ်အားပိတ်သည့် ဝန်အားလျော့ အစီအစဉ်တွင် ၂၃၀ ကေဗွီအသုတ် ပင်မဓာတ်အားခွဲရုံမှ ဓာတ်အား ဖြန့်ဖြူးပေးထားသည့် ၆၆ ကေဗွီ ဂွဖီဒါအား မတ်လ(၄)ရက်မှ မတ်လ(၆)ရင်အထိ လျှပ်စစ် ဓာတ်အားပြတ်တောက်မှု မရှိစေရေး အရေးကြီး ဖိဒါအဖြစ်သတ်မှတ်ရန်နှင့် ဝန်အားလျော့အစီအစဉ်မှ ကင်းလွတ်ခွင့်ပြုရန် ညွန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။