နွားထိုးကြီးမြို့နယ် ကန်နားရဲစခန်းအား PDF တပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီ၏ လေကြောင်းပစ်ကူများကြောင့် ပြန်လည်ဆုတ်ခွာရ

နွားထိုးကြီးမြို့နယ် ကန်နားရဲစခန်းအား PDF တပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီ၏ လေကြောင်းပစ်ကူများကြောင့် ပြန်လည်ဆုတ်ခွာရ

မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ကန်နားရဲစခန်းအား ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီ၏ လေကြောင်းပစ်ကူများကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း မြင်းခြံခရိုင်အမှတ် (၄-၁၀)တပ်ရင်း Natogyi People Defence Force ထံမှ သိရသည်။

နွားထိုးကြီးမြို့နယ် ကန်နားရဲစခန်းမှ အင်အား (၃၀) ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ယမန်နေ့ အောက်တိုဘာလ (၁၁)ရက်နေ့ နေ့လယ် (၁၀)နာရီခန့်တွင်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲချိန် (၂)နာရီခန့် ကြာမြင့်ခဲ့ပြီးနောက် နေ့လယ် (၁၂)နာရီတွင် စစ်ကောင်စီမှ Mi-35 နှင့် ဂျက်ဖိုက်တာများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး ၊ စစ်ကောင်စီဘက်မှ ထိခိုက်မှုများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း Natogyi People Defence Force က ဆိုသည်။

တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုက်ပွဲများအချိန်မရွေး ဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် ပြင်စီ-တံတားဦး လမ်းပိုင်း အား အသုံးပြုခြင်း မပြုလုပ်ကြပါရန် မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်း Natogyi People Defence Force က အသိပေးထားသည်။

#TachileikNewsAgency

Photo : Natogyi People Defence Force (ပုံဟောင်း)