ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကောင်စီသတင်းပေးတစ်ဦး ပစ်ခတ်ခံရ

ကြို့ပင်ကောက်မြို့နယ်တွင် စစ်ကောင်စီသတင်းပေးတစ်ဦး ပစ်ခတ်ခံရ

ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် စီကောက်ပင်ရွာတွင်နေထိုင်သည့် စစ်ကောင်စီသတင်းပေး ဝင်းအောင် ပစ်ခတ်ခံရကြောင်း သိရသည်။

သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၁) ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စစ်ကောင်စီသတင်းပေး ဝင်းအောင်ကို ၎င်းနေထိုင်ရာရွာမှ ဆိုင်ကယ်စီးလာစဉ် ညောင်ဝိုင်းကျေးရွာအနီး၌ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၅) ရက်နေ့ ညနေ (၄)နာရီခွဲခန့်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝင်းအောင်သည် စစ်ကောင်စီထံ ပြည်သူများအား သတင်းပေးတိုင်ကြား၍ ဖမ်းဆီးခိုင်းခြင်း ၊ တော်လှန်ရေးတပ်ဖွဲ့များ၏ အချက်အလက်များအား ထောက်လှမ်းသတင်းပို့ခြင်း ၊ စစ်ကောင်စီအရာရှိများနှင့် ပူးပေါင်းပြီး ပြည်သူများ၏ နေအိမ်များအား ဖျက်ဆီးခြင်းနှင့် အမျိုးမျိုးဖိနှပ်မှုများ ဆောင်ရွက်နေသည့်အတွက် ပစ်ခတ်ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

ပစ်ခတ်မှုဆောင်ရွက်ပြီးနောက် ဝင်းအောင်ထံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်ထားသည့် မိုလ်ဘိုင်းဖုန်း (၁)လုံးအား သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

ပဲခူးတိုင်း သာယာဝတီခရိုင်အတွင်း စစ်မှုထမ်းစုဆောင်းရာတွင် ပါဝင်ပက်သက်နေသည့် အုပ်ချုပ်ရေးမှူးများ ၊ စစ်ကောင်စီသတင်းပေးများကို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် သတင်းပေး စုစုပေါင်း (၇)ဦး ပစ်ခတ်ခံခဲ့ရကြောင်း သိရှိရသည်။

#TachileikNewsAgency