ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့တွင်းနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမရှိဘဲ မကြာခဏ ပစ်ခတ်လျှက်ရှိကြောင်း TNLA ထံမှ သိရသည်။
မိုးမိတ်မြို့တွင် အခြေစိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ် မေလ(၂၉)ရက်နေ့ နံနက်ပိုင်းက ကုန်းမိုင်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် (၄)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် လူ၊ တိရိစ္ဆာန်နှင့် နေအိမ်များ ထိခိုက်ပျက်စီးမှု မရှိသော်လည်း ဒေသခံများမှာမူ ကြောက်လန့်ခဲ့ရသည်ဟု ဆိုသည်။
မိုးမိတ်မြို့နယ်သည် ခရိုင်အဆင့် မြို့ဖြစ်ပြီး စစ်ကောင်စီတပ်၏ မိုးမိတ်ဗျူဟာ လက်အောက်တွင် ခမရ (၃၄၈)၊ ခလရ (၂၇၆)နှင့် ခလရ (၂၂၃) တပ်များ အခြေစိုက်ရာ မြို့တစ်မြို့ဖြစ်သည်။
#TachileikNewsAgency