မြင်းမူမြို့အရှေ့ခြမ်း ဝန်ထမ်းအိမ်ရာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်

မြင်းမူမြို့အရှေ့ခြမ်း ဝန်ထမ်းအိမ်ရာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း မြင်းမူမြို့အရှေ့ခြမ်း ဝန်ထမ်းအိမ်ရာခြံဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးတပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးကပ်သွားရောက် ပစ်ခတ်တိုက်ခိုက်ကြောင်း Dog Killers People's Defence Force Myinmu (DK-PDF MMU)အဖွဲ့ထံမှ သိရသည်။

မြင်းမူမြို့အရှေ့ခြမ်း ဧရာဝတီ မြစ်ကမ်းဘေးရှိ ဝန်ထမ်းအိမ်ရာ ခြံဝင်းအတွင်း တပ်စွဲထားသည့် အင်အား (၂၀)ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့ မနက် (၄)နာရီခွဲခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် အနီးကပ် သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်အဆင့်ရှိသူ (၂)ဦးသေဆုံး၍ အထိအခိုက်များခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များမှ စခန်းအား ဝင်ရောက်စီးနင်းရန် ကြိုးစားသော်လည်း မြေပြင်အနေအထားမှာ ဝင်ရန်အဆင်မပြေသည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း DK-PDF MMU အဖွဲ့က ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ စက်သေနတ်ဖြင့် အမြင့်မှ ပစ်ခတ်၍ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ပြီး မြင်းမူမြို့ အထက (၁) ကျောင်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှလည်း သံပြားကာကားဖြင့် စစ်ကူလာသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များမှ ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား Dog Killers People's Defence Force Myinmu(DK-PDF MMU)၊ Moe Nyo Revolution Force (M.N.R.F.) မြင်းမူမြု့နယ် ပ.က.ဖ.၊ ဇေယျာရွှေမြေနှင့် မြင်းမူမြို့နယ် အနောက်ခြမ်း ပ.က.ဖ စသည့် ညီနောင်မဟာမိတ်များမှ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency