မြောင်မြို့နယ်အတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် သေဆုံးဒဏ်ရာရသူများအား ထောက်ပံ့ငွေပေး 

မြောင်မြို့နယ်အတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် သေဆုံးဒဏ်ရာရသူများအား ထောက်ပံ့ငွေပေး 

စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများနှင့် ပျက်စီးသွားသော နေအိမ်များအတွက် ငွေကြေးထောက်ပံ့ကြောင်း မြောင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ (၂၃)ရက်နေ့က စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်သွားရာ ပျက်ဆီးသွားသော အိမ်ထောင်စုစာရင်းများကို အောက်တိုဘာလ (၂၅)ရက်နေ့တွင် စစ်ကိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ရပ်/ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့မှ သွားရောက်ကောက်ယူခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်၏ အခွန်ရငွေဖြင့် သေဆုံးပြည်သူ (၆)ဦးအား တစ်ဦးလျှင် ငွေကျပ် (၁၀)သိန်းကျပ်နှုန်းဖြင့်လည်းကောင်း၊ ပြင်းထန်ဒဏ်ရာရပြည်သူ(၄)ဦးအား တစ်ဦးလျှင် ငွေကျပ်(၁)သိန်းကျပ်နှုန်းဖြင့်လည်းကောင်း၊ ထိခိုက်ပြည်သူ (၁၃)ဦးအား တစ်ဦးလျှင် ငွေကျပ် (၅၀၀၀၀)နှုန်းဖြင့်လည်းကောင်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ 

ထို့အပြင် အောက်တိုဘာလ(၂၅)ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းထိုးကာ ပစ်ခတ်သဖြင့် ထိခိုက်ဒဏ်ရာရပြည်သူ (၂)ဦးအား မြို့နယ်၏ အခွန်ရငွေမှ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၁)သိန်းနှုန်းဖြင့်လည်းကောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူသားစာနာတာဝန်ခံက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Ministry of Home Affairs and Immigration - Myanmar