စစ်ကိုင်း - မန္တလေးလမ်းရှိ ရတနာပုံတံတားတွင် စစ်ကောင်စီ၏ စစ်ဆေးရေးအဖွဲ့များက ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့ နံနက်ပိုင်းကတည်းကစ၍ ခရီးသွားကားများ၊ ကုန်တင်ကားများပေါ်တွင် တင်လာသည့် ပါဆယ်များ၊ အိတ်များကိုပါဖွင့်၍ စစ်ဆေးနေကြောင်း သိရသည်။
ရတနာပုံတံတား၏ စစ်ကိုင်းဘက်အဝင်တွင် အဖွဲ့စုံအင်အားအများအပြားဖြင့် ပိုက်စိပ်တိုက် စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
ခရီးသွားကားများပေါ်မှ ပါဆယ်များ၊ အိတ်များကိုဖွင့်ဖေါက်စစ်ဆေးခြင်းများလည်းရှိသည်ဟု သိရသည်။
စစ်ဆေးရေးအဖွဲ့များက အဆိုပါတံတားတွင် ခရီးသွားများ၊ တင်ဆောင်လာသည်ကုန်စည်များအား စစ်ဆေးလေ့ရှိသည်ကို တွေ့ရသည်။