ရန်ကုန်တွင် ထူးကဲဒီရေတက်နိုင်သဖြင့် အနိမ့်ပိုင်းရပ်ကွက်များ သတိထားရန်လို

ရန်ကုန်တွင် ထူးကဲဒီရေတက်နိုင်သဖြင့် အနိမ့်ပိုင်းရပ်ကွက်များ သတိထားရန်လို
အောက်တိုဘာ 5, 2024 | အခြားဒေသများ

ရန်ကုန်မြစ်ရေ ထူးကဲဒီရေတက်နိုင်ခြင်းကြောင့် အနိမ့်ပိုင်းရပ်ကွက်များ သတိထားရန် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့က ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့တွင် ကြေငြာထားသည်။

ရန်ကုန်မြစ်ရေသည် လာမည့် အောက်တိုဘာလ (၁၈)ရက်နေ့မှ (၂၀)ရက်နေ့အထိ နံနက်အစောပိုင်းများတွင် အမြင့်ဆုံး (၂၃.၀၇)ပေအထိရှိနိုင် သည်ဟု ထုတ်ပြန်ထားသည်။ 

ထို့ကြောင့် ငမိုးရိပ်ချောင်းဘေးရှိရပ်ကွက်များ ရေဝင်နိုင်ကာ အနိမ့်ပိုင်းရပ်ကွက်များလည်း အောက်တိုဘာလ (၁၇)ရက်နေ့မှ (၂၁)ရက်နေ့အထိ သတိထားကြရန်လိုကြောင်း မိုးလေဝသပညာရှင် ဦးဝင်နိုင်က ဆိုသည်။

လက်ရှိတွင် ပဲခူးမြစ်ရေနှစ် လှိုင်မြစ်ရေတို့မှာ ပုံမှန်ရေအမှတ်အထိကျနေပြီး ငမိုးရိပ်တမံမှာလည်း ရေပြန်ကျနေပြီဖြစ်သဖြင့် ငမိုးရိပ်ချောင်းဘေးအနိမ့်ပိုင်းရပ်ကွက်များကလွဲ၍ စိုးရိမ်စရာမရှိဟုလည်း ၎င်းကပြောသည်။

#TachileikNewsAgency

Photo : Internet (ပုံဟောင်း)