ရန်ကုန်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုနှင့် တရားရုံးတို့ကို UGများ ဗုံးခွဲတိုက်ခိုက်

ရန်ကုန်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုနှင့် တရားရုံးတို့ကို UGများ ဗုံးခွဲတိုက်ခိုက်

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ(၅၃၂)၊ ဒေါပုံမြို့နယ် အရှေ့ပိုင်းခရိုင် တရားဥပဒေရုံးနှင့် မြောက်ဒဂုံမြို့နယ် ထားဝယ်ချောင်ရဲစခန်းတို့အနီးတွင် ရန်ကုန်မြို့ ပြပြောက်ကျားတပ်ဖွဲ့များက ၂၀၂၃ခုနှစ် ဇွန်လ(၁၈)ရက်နေ့ ညပိုင်းက ဗုံး(၉)လုံးဖောက်ခွဲ၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။



ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့များမှ ဇွန်လ(၁၈)ရက်နေ့ ည(၈)နာရီဝန်းကျင်တွင် လှိုင်သာယာမြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်းမပေါ် တပ်ထိပ်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ(၅၃၂) တပ်ရင်းအနီး၌ စတင်ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။



ထို့နောက် ည(၉)နာရီ နောက်ပိုင်း၌ ဒေါပုံမြို့နယ် အရှေ့ပိုင်းခရိုင်တရားဥပဒေရုံးနှင့် မြောက်ဒဂုံမြို့နယ် (၄၈)ရပ်ကွက် ဘုရင့်နောင်လမ်းနှင့် အောင်ဆန်းသူရိယ လှသောင်းလမ်းထောင့်ရှိ စစ်ကောင်စီ၏ ထားဝယ်ချောင်ရဲစခန်းတို့အား ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။



"ရဲဘော်များအနေဖြင့် ပစ်မှတ်မြို့နယ်များမှ ဘေးကင်းစွာဆုတ်ခွါနိုင်ခဲ့ပြီး စစ်ကောင်စီ၏ ပျက်ဆီးထိခိုက်မှုအခြေအနေအား အသေး စိတ်မသိရှိရသေးပေ။"ဟု Freeland Attack Force-FLAအဖွဲ့က Tachileik News Agencyကို ပေးပို့ပြောဆိုထားသည်။



တိုက်ခိုက်မှုကို Anonymous Fighters Force-AFF၊ Freeland Attack Force-FLA နှင့် Emerald Girls Army-EGA တို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



#TachileikNewsAgency