မိုးကုတ်မြို့နယ်တွင် မူးယစ်နှင့် ပြစ်မှုကျုးလွန်သူ ၁၂၉ ဦးကို TNLA ဖမ်းဆီးအရေးယူ

မိုးကုတ်မြို့နယ်တွင် မူးယစ်နှင့် ပြစ်မှုကျုးလွန်သူ ၁၂၉ ဦးကို TNLA ဖမ်းဆီးအရေးယူ

မန္တလေးတိုင်း မိုးကုတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်း၊ ဝယ်သုံးစွဲသူ (၇၁)ဦးအပါအဝင် ပြစ်မှုကျုးလွန်သူ (၁၂၉)ဦးအား TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဖမ်းဆီးအရေးယူလိုက်ကြောင်း သိရသည်။

ပြစ်မှုကျုးလွန်သူ (၁၂၉)ဦးအနက် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ (၇၁)ဦးအပါအဝင် တရားမဝင်ကျောက်တူးဖော်သူများ၊ စစ်ဆင်ရေးပြုလုပ်နေစဥ် မဟာမိတ်ပူးပေါင်းတပ်များ၏ သွားလာလှုပ်ရှားမှုအခြေအနေများကို စစ်ကောင်စီထံ သတင်းပေးနေသူများ၊ စစ်ဆင်ရေးအတွင်း ​စစ်ဘေးရှောင်ပြည်သူများ၏ နေအိမ်များအား ဖောက်ထွင်းခိုးယူနေသူများ၊ လူသတ်မှုကျုးလွန်သူများ၊ တရားမဝင် ချဲရောင်းဝယ်သူများနှင့် ရပ်ရွာအတွင်း မူးယစ်ရမ်းကားသူများလည်းပါဝင်သည်ဟု သိရသည်။ 

TNLA သည် မူးယစ်ဆေးဝါး ကင်းစင်နယ်မြေဖြစ်စေရေးနှင့် ပြည်သူလူထုများ အေးချမ်းစွာနေထိုင်စေရေး၊ မြို့နယ်အေးချမ်းသာယာစေရေးအတွက် ခိုးဆိုးလုယက်မရှိစေရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကိုလည်း ဦးစားပေးလုပ်ငန်းစဥ်တစ်ရပ်အဖြစ် လုပ်ဆောင်နေသည်ဟု ဆိုသည်။ 

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)အတွင်း မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်များအား ဇွန်လ(၂၅)ရက်နေ့တွင် TNLA နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ(၂၄)ရက်နေ့တွင်အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: PSLF/TNLA News