မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)က တော်လှန်ရေးကာလ အုပ်ချုပ်ရေးကော်မတီအား ပြန်လည်ဖွဲ့စည်း

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)က တော်လှန်ရေးကာလ အုပ်ချုပ်ရေးကော်မတီအား ပြန်လည်ဖွဲ့စည်း

မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ဒုတိယကြိမ် ညီလာခံပြီးသည့်နောက်ပိုင်း မွန်ပြည်နယ်တွင် အုပ်ချုပ်‌ရေးအစီအမံများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အုပ်ချုပ်ရေးကော်မတီအား ပြန်လည်ဖွဲ့စည်းကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) က ယနေ့ ၂၀၂၄ခုနှစ် မေလ (၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ ဖွဲ့စည်းပုံ အခန်း (၈) အရ မွန်ပြည်ကြားကာလ (တော်လှန်ရေးကာလ) အုပ်ချုပ်ရေး အစီအမံများအား ဆောင်ရွက်ရန်နှင့် အာဏာ(၃)ရပ်အား ကျင့်သုံးနိုင်ရန်အတွက် ဥပဒေပြုရေးကော်မတီ၊ တရားရေးကော်မတီနှင့် အုပ်ချုပ်ရေးကော်မတီတို့ကို ပြန်လည်ဖွဲ့စည်းခြင်း ဖြစ်ကြောင်း သိရသည်။

ပြန်လည်ပြင်ဆင်ဖွဲ့စည်းသည့် အုပ်ချုပ်ရေးကော်မတီတွင် ဥက္ကဌအဖြစ် နိုင်မွန်ဆိုင်း၊ ဒု-ဥက္ကဌ နှင့် ဌာနမှူး - ကာကွယ်ရေးဌာန အဖြစ် နိုင်ဒင်းပလဟံသာ ၊ ဌာနမှူး - ပြည်ထဲရေးဌာနအဖြစ် နိုင်ပညာမာန်၊ ဌာနမှူး - လူသားချင်းစာနာမှုနှင့် ကယ်ဆယ်ရေးဌာနအဖြစ် မိသုတဂျော် ၊ ဌာနမှူး - ပညာရေးဌာနအဖြစ် မိမူဘဲ့၊ ဌာနမှူး - ကျန်းမာရေးဌာနအဖြစ် မိမငေးသဇင်၊ ဌာနမှူး - သတင်းပြန်ကြားရေးနှင့် လူထုဆက်ဆံရေးဌာနအဖြစ် Dr.သီရိမွန်ချမ်း၊ ဌာနမှူး - လူငယ်၊ အမျိုးသမီး၊ ကလေးနှင့် ဂျန်ဒါတန်းတူရေးဌာနအဖြစ် မိသုဇာထော ၊ ဌာနမှူး - ပြင်ပဆက်ဆံရေးဌာနအဖြစ် နိုင်သဟမွန် နှင့် ဌာနမှူး -ဘဏ္ဍာရေးနှင့် အခွန်ကောက်ဌာနအဖြစ် မိဇဲ့ဟန်မွန် တို့အား ခန့်အပ်ခဲ့ကြောင်းသိရသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ အုပ်ချုပ်ရေးကော်မတီသည် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ၊ နွေဦးတော်လှန်ရေး အင်အားစုများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ ရပ်ရွာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#TachileikNewsAgency

Photo: Mon State Defense Force - MSDF