သံတောင်ကြီးမြို့နယ် ကမာဒီပိုလီရွာအနီးတွင် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီတပ်အထိနာ

သံတောင်ကြီးမြို့နယ် ကမာဒီပိုလီရွာအနီးတွင် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီတပ်အထိနာ

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ကမာဒီပိုလီရွာအနီးတွင် စခန်းချတပ်စွဲထားသော စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့နှင့် (၁၇)ရက်နေ့တို့တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ အထိနာသွားကြကြောင်း NAY PYI TAW PDF-Battalion 804ထံမှ သိရသည်။

အင်အား(၁၀၀)ဝန်းကျင်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နေပြည်တော်စစ်တိုင်းဌာန၊ ဗျူဟာ ၁(အမှတ် ၈၀၄ တပ်ရင်း၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ ပူးပေါင်းစစ်ကြောင်း)က နိုဝင်ဘာလ (၁၄)ရက်နေ့ ညနေပိုင်းတွင် တစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အထိနာသွားကာ တော်လှန်ရေးရဲဘော်တစ်ဦး တင်ပါးရှပ်ထိ ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။

နိုဝင်ဘာလ (၁၇)ရက်နေ့တွင် အဆိုပါစစ်ကောင်စီတပ်နှင့် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိပြီး တော်လှန်ရေးအင်အားစုဘက်မှ ရဲဘော်(၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော စစ်ကောင်စီတပ်သား ရုပ်အလောင်းများကို ကမာဒီပူလီရွာအနီး တောင်ယာများ၌ မြုပ်နှံသွားပြီး ဒဏ်ရာရရှိသူများကို ထမ်းပိုးခေါ်ဆောင်ရန် ရွာသားများအား အတင်းအဓ္ဓမခေါ်ဆောင်သွားကြောင်း သိရသည်။

#TachileikNewsAgency