ဖြူးမြို့နယ် ကွင်းဝိုင်းကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ မိုင်းဆွဲ၍ ပစ်ခတ်တိုက်ခိုက်

ဖြူးမြို့နယ် ကွင်းဝိုင်းကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ မိုင်းဆွဲ၍ ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း တောင်ငူခရိုင် ဖြူးမြို့နယ် ကွင်းဝိုင်းကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လင်းယောခင်ရွာဘက်သို့ထွက်လာစဉ် မိုင်းဆွဲ၍ ပစ်ခတ်တိုက်ခိုက်ကြောင်း ဖြူးမြို့နယ် ပ.က.ဖ အဖွဲ့ထံမှ သိရသည်။

ဖြူးမြို့နယ် ကညွတ်ကွင်းမြို့အရှေ့ဘက်ရှိ ကွင်းဝိုင်းကျေးရွာတွင်နေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လင်းယောခင်ရွာဘက်သို့ထွက်လာစဉ် ၂၀၂၄ခုနှစ် ယနေ့ သြဂုတ်လ (၁) ရက်နေ့ နံနက် (၆) နာရီခန့်တွင် ဖြူးမြို့နယ် ပ.က.ဖ က မိုင်းဆွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နှင့် မိုင်းရှာခွေးတစ်ကောင် ထိခိုက်သေဆုံးခဲ့ပြီး ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကွင်းဝိုင်းကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း ဖြူးမြို့နယ် ပ.က.ဖ အဖွဲ့က ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၃၀) ရက်နေ့ကလည်း ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းအား ဖြူးမြို့နယ် ပ.က.ဖ ဒရုန်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုတချို့ရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency