ဘော်လခဲမြို့နယ်ရှိ စစ်ကောင်စီ၏ ရေကျော်တပ်စခန်း တော်လှန်ရေးတပ်များသိမ်းပိုက်

ဘော်လခဲမြို့နယ်ရှိ စစ်ကောင်စီ၏ ရေကျော်တပ်စခန်း တော်လှန်ရေးတပ်များသိမ်းပိုက်
သြဂုတ် 8, 2024 | 2021 Military Coup| ကယား

ကရင်နီပြည်နယ် ဘောလခဲခရိုင်အတွင်းရှိ ရေကျော်တပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများက ယနေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၈)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကရင်နီပြည်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ထံမှ သိရသည်။

အဆိုပါတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းများနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ရေကျော်တပ်စခန်းတွင် ပြီးခဲ့သည့် ဇွန်လ(၂၅)ရက်နေ့က ဘောလခဲမြို့နယ်ရှိ မယ့်စလောင်းတောင်စခန်းအား ကရင်နီပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်စဥ် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများ ရောက်ရှိနေသည့် စခန်းဖြစ်သည်။

#TachileikNewsAgency