ဆယ်ဇင်း ခမရ(၁၁၆)တပ်စခန်း သိမ်းပိုက်ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ဆယ်ဇင်း ခမရ(၁၁၆)တပ်စခန်း သိမ်းပိုက်ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရှိ စစ်ကောင်စီတပ်၏ ခမရ(၁၁၆)စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့ကြောင်း KPDFထံမှ သိရသည်။

ခမရ(၁၁၆)စခန်းကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလ (၂၀)ရက်နေ့က KIAပူးပေါင်းတပ်များက တိုက်ခိုက်ပြီး(၃)ရက်အကြာ ဧပြီလ (၂၃)ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီတပ်နှင့် ရှမ်းနီ(SNA)တပ်သားများ သေဆုံးသူများကြောင်း သိရသည်။

အသေးစိတ်အချက်အလက်ကို Tachileik News Agencyက ဆက်လက်မေးမြန်းနေဆဲဖြစ်သည်။

ဧပြီလ ဒုတိယပတ်ကလည်း ဆယ်ဇင်းရှိ စစ်ကောင်စီ ရဲစခန်းကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ရဲ(၂၂)ဦး လက်နက်ချ အညံ့ခံခဲ့သည်။

#TachileikNewsAgency