မောင်တောတွင် အရပ်သားကားတစ်စီး ပစ်ခတ်ခံရကာ အမျိုးသမီးတစ်ဦးသေဆုံး ၄ ဦးဒဏ်ရာရ

မောင်တောတွင် အရပ်သားကားတစ်စီး ပစ်ခတ်ခံရကာ အမျိုးသမီးတစ်ဦးသေဆုံး ၄ ဦးဒဏ်ရာရ
အောက်တိုဘာ 7, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် မောင်တောမြို့တွင် အရပ်သားများ လိုက်ပါလာသည့်ကားကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၆)ရက်နေ့ ညနေပိုင်းက ARSA က ပစ်ခတ်သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး (၄)ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

ARSA တပ်ဖွဲ့ဝင်များက မောင်တောမြို့နယ် တောင်ပြိုမှ စျေးဝယ်ပြီးပြန်လာသည့် ကားကို မီးတိုက်ရွာအနီးတွင် ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။ 

ARSA၏ ပစ်ခတ်မှုကြောင့် ကားပေါ်တွင် လိုက်ပါလာသည့် မောင်တောမြို့နယ် အောင်မင်္ဂလာရွာနေ ဒေါ်ဆန်းဆန်းဦး ဦးခေါင်း ကျည်ထိမှန်ကာ သေဆုံးသွားပြီး အောင်မင်္ဂလာရွာမှ မဌေး၊ ကိုစောနိုင်၊ ဦးညီချေနှင့် သာယာကုန်းရွာမှ ဦးထွန်းဝင်းလှိုင်တို့မှာ ဦးခေါင်း၊ ဗိုက်၊ ခြေထောက်တို့တွင် ဒဏ်ရာရသွားသည်ဟု သိရသည်။

မောင်တောတွင် AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေရာ ARSA၊ RSO၊ ARA တို့ကလည်း စစ်ကောင်စီဘက်က ဝင်တိုက်ပေးနေခြင်းဖြစ်သည်။

#TachileikNewsAgency