ပဲခူးမြို့နယ်အတွင်း ပဲခူးမြစ်ရေ ဆက်လက်မြင့်တက်လာနေပြီး မြစ်ကမ်းအနီးနှင့် မြစ်နိမ့်ပိုင်းနေထိုင်ကြသူများ သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့ နံနက် (၁၀) နာရီ ထုတ်ပြန်ချက်အရ သိရသည်။
ပဲခူးမြို့တွင် ပဲခူးမြစ်ရေသည် ယနေ့ နံနက် (၇) နာရီခွဲအချိန် တိုင်းထွာချက်အရ စိုးရိမ်ရေမှတ်အထက်သို့ (၁)လက်မခန့် ကျော်လွန်နေပြီး နောက် (၁) ရက်အတွင်း (၄) လက်မခန့် မြင့်တက်လာနိုင်ကြောင်း သိရသည်။
ထို့အပြင် တောင်ငူမြို့တွင် စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်သို့ (၁)ပေခွဲခန့် ကျော်လွန်နေပြီး နောက် (၁)ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ကြောင်း သိရသည်။
မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်သို့ (၂)ပေခွဲကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း (၁)ပေခန့် ကျဆင်းလာနိုင်ကြောင်း သိရသည်။
သို့ဖြစ်၍ ပဲခူးမြို့နယ် တောင်ငူမြို့နယ်နှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ပါရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတိပေးထားသည်။
#TachileikNewsAgency
Photo: မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန