တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း (၂)လမ်းရှိ နေအိမ်မှ ကျန်းမာရေး မကောင်းသည့် သက်ကြီးရွယ်အိုများအတွက် ကယ်ဆယ်ရေး အရေးပေါ် လိုအပ်နေ

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း (၂)လမ်းရှိ နေအိမ်မှ ကျန်းမာရေး မကောင်းသည့် သက်ကြီးရွယ်အိုများအတွက် ကယ်ဆယ်ရေး အရေးပေါ် လိုအပ်နေ

 တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်အတွင်း ရေနစ်မြုပ်နေသည့် နေအိမ်များအနက် (၂)လမ်းရှိ နေအိမ်တွင် ကျန်းမာရေးမကောင်းသည့် သက်ကြီးရွယ်အိုများရှိနေပြီး နေအိမ်အတွင်း ပိတ်မိနေ၍ အရေးပေါ် အကူအညီလိုအပ်နေကြောင်း သိရသည်။

"အသက်(၈၀)ကျော် အဖိုးအဖွား (၂)ယောက်ရှိပါတယ်။ အဖိုးက ကျောက်ကပ်ဆေးနေရတာပါ။ ဆေးတွေလည်း မကျန်တော့လို့ပါ။ တစ်ခြားမိသားစုဝင် (၄) ယောက်နဲ့ စုစုပေါင်း (၆)ယောက် မနေ့ကတည်းက ရေတက်ပြီးပိတ်မိနေတာပါရှင့်။"ဟု အဝေးရောက် မိသားစုဝင်တစ်ဦးက ယနေ့ စက်တင်ဘာလ(၁၁)ရက်နေ့ ညနေပိုင်းတွင် ပြောသည်။

ပုန်းထွန်ရပ်ကွက်အတွင်း ပိတ်မိသူများပြားလွန်းနေပြီး အစာရေဆာ ပြတ်လပ်နေသူများလည်း ရှိနေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့က စတင်ကာ ယနေ့ စက်တင်ဘာလ(၁၁)ရက်နေ့ ညပိုင်းအထိ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး လူများမှာ နေအိမ်အတွင်း ပိတ်မိနေဆဲ ဖြစ်သည်။