ရာဂီတိုင်ဖွန်းမုန်တိုင်း၏ လေပွေလှိုင်းကြောင့် မြန်မာနိုင်ငံအတွင်း လူဦးရေ(၄၁၉)ဦး သေဆုံးကာ (၁၄၀,၀၀၀)ကျော် ရေဘေးဒုက္ခရောက်ခဲ့ကြောင်း ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၅)ရက်နေ့ စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
လေပွေလှိုင်းကြောင့် တိုင်းနှင့် ပြည်နယ်(၉)ခုရှိ မြို့နယ်(၅၄)မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီး၊ ရေလျှံမှုများ ဖြစ်ပွားခဲ့ရာ အဆောက်အအုံများနှင့် စာသင်ကျောင်းများ နစ်မြုပ်ခဲ့ကြောင်း သိရသည်။
ဘာသာရေးနှင့်ပတ်သက်ပြီး (၂၅၃)ကျောင်းနှင့် လမ်းတံတား(၉၂၆)ခု ရေမျောပါ ပျက်စီးခဲ့ပြီး လျှပ်စစ်မီးတိုင်များ၊ ဆက်သွယ် ရေးတာဝါတိုင်များလည်း များစွာပျက်စီးခဲ့ကာ တိရစ္ဆာန်တစ်သိန်းကျော်သေဆုံးကာ စပါးစိုက်ဧက (၇၅၀,၀၀၀)ကျော် ပျက်စီးသည်ဟု ဆိုသည်။
ထို့အပြင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ပုဂံရှေးဟောင်းဘုရားနှင့် သာသနိကအဆောက်အဦး (၁၁)ခု ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။
ရေကြီး၊ ရေလျှံမှုကြောင့် လူသေဆုံးစာရင်းသည် စိစစ်ရန်ခက်ခဲသဖြင့် မြေပြင်တွင် စစ်ကောင်စီထုတ်ပြန်ထားသည်ထက် ပိုများနိုင်ပါသည်။
#TachileikNewsAgency