မကွေးတိုင်း ချောက်မြို့နယ်တွင် ဗုံးအတုအား ဖောက်ခွဲပြီး ပြန်လာသော ချောက်မြို့နယ်ရဲစခန်းမှူးပါသည့် စစ်ကောင်စီတပ်သားများကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၅)ရက်နေ့က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Chauk Guerilla Force-CGFထံမှ သိရသည်။
ချောက်မြို့နယ်အတွင်းသို့ ဒေသကာကွယ်ရေးတပ်များ ဝင်ရောက်ကာ အမှတ်(၁) ရေနံကလပ်ထောင့်ရှိ ကြံ့ခိုင်ရေးရုံးနှင့် အနီးသစ်ပင်တွင် နှစ်နေရာခွဲ၍ ဗုံးထောင်ပြီးနောက် ကြံ့ခိုင်ရေးရုံးရှေ့တွင် ဗုံးအတုတစ်လုံး ထောင်ထားခဲ့ခြင်းဖြစ်သည်။
ကြံ့ခိုင်ရေးရုံးရှေ့ရှိ ဗုံးအတုအား ချောက်မြို့နယ်ရဲစခန်းမှူးပါဝင်သည့် စစ်ကောင်စီတပ်သားများက တွေ့ရှိသွားပြီးနောက် စနိုက်ပါဖြင့် ပစ်ခတ်ဖောက်ခွဲပြီး ဗုံးအစစ်ရှိရာဘက်သို့ လာချိန်တွင် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတချို့ ထိခိုက်ဒဏ်ရာရပြီး သေဆုံးနိုင်ကာ ချောက်မြို့နယ်ဆေးရုံကြီးသို့ အရေးပေါ်လွှဲပြောင်းထားရသည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဒုတိယမိုင်းအား ထပ်မံဖောက်ခွဲရန် စောင့်ဆိုင်းနေချိန် စစ်ကောင်စီတပ်သားများ ဗုံးအားတွေ့ရှိသွားသဖြင့် ဖောက်ခွဲရာ မပေါက်ကွဲဘဲ စစ်ကောင်စီတပ်သားများက လမ်းပိတ်၍ စနိုက်ပါဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကို Chauk Guerilla Force-CGFနှင့် ချောက် ပကဖ၊ Bumer Revolution Rangersတို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo : Chauk Guerilla Force- CGF ရဲဘော်များ