ရေဦးမြို့ရှိ စစ်ကောင်စီတပ် စစ်ဆေးဂိတ်ကို ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်

ရေဦးမြို့ရှိ စစ်ကောင်စီတပ် စစ်ဆေးဂိတ်ကို ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်

စစ်ကိုင်းတိုင်း ရေဦးမြို့ အနောက်ဘက်အထွက် ဂါဝီပန်းခြံအနီးရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်များက ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၃)ရက်နေ့ နေ့လယ်ပိုင်းတွင် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ကြောင်း ရွှေဘိုခရိုင် တပ်ရင်း-၁၄ / YEU PDF ထံမှ သိရသည်။

အဆိုပါစစ်ဆေးဂိတ်တွင် ဘန်ကာများဆောက်လုပ်နေသည်ဟု သတင်းရရှိ၍ ရွေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း၊ ရေဦး PDF တို့က Fixed-Wing  Drone များဖြင့် ဗုံးသီး(၄)လုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူ ရှိ၊ မရှိကိုမသိရသေးဟု ဆိုသည်။

 

ရွှေဘိုခရိုင် တပ်ရင်း-၁၄ / YEU PDF သည် ပြီးခဲ့သည့် ဇွန်လ (၂၃)ရက်နေ့ကလည်း တန့်ဆည်မြို့နယ်၊ မူးဂွရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို Fixed-Wing Drone များဖြင့် ဗုံးသီး(၁၅)လုံးချ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: ရွှေဘိုခရိုင်တပ်ရင်း-၁၄ / YEU PDF