ဒဂုံမြို့သစ်တောင်ပိုင်း (၂၅)ရပ်ကွက်အတွင်းရှိ စစ်ကောင်စီတပ်၏ ကင်းတဲကို SSUG PDF က ဗုံးခွဲတိုက်ခိုက်

ဒဂုံမြို့သစ်တောင်ပိုင်း (၂၅)ရပ်ကွက်အတွင်းရှိ စစ်ကောင်စီတပ်၏ ကင်းတဲကို SSUG PDF က ဗုံးခွဲတိုက်ခိုက်
ဖေဖော်ဝါရီ 12, 2022 | အခြားဒေသများ

ရန်ကုန်အ​ရှေ့ပိုင်းခရိုင်အတွင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၂၅)ရပ်ကွက်တွင် အကြမ်းဖက် စစ်ကောင်စီတပ်၏ ကင်းတဲကို SSUG PDF (တောင်ပိုင်းပြည်သူ့ကာကွယ်ရေး အင်အားစု)က လက်ပစ်ဗုံး ပစ်သွင်းကာ တိုက်ခိုက်ခဲ့ကြောင်း  သိရသည်။

ယနေ့  ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ည(၇)နာရီဝန်းကျင်အချိန်က (၂၅)ရက်ကွက်၊ မြိတ်လမ်းနှင့် ပုလဲရတနာလမ်းထောင့် (၂၅‌) ဘောလုံးကွင်းထောင့်အနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ကင်းတဲအတွင်းသို့ လက်ပစ်ဗုံးပစ်သွင်းကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။

SSUG PDF သည် ဖေဖော်ဝါရီလ(၄)ရက်နေ့ကလည်း ဒဂုံတောင်အထူးပြောက်ကြားအဖွဲ့၊ အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ACPLF)တို့နှင့်ပူးပေါင်းကာ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၂၄)ရပ်ကွက်၊ မြစံပယ်လမ်းရှိ စည်ပင်ရုံးနောက်ဘက်ခြမ်းကို ဗုံးခွဲတိုက်ခိုက်ခဲ့သေးသည်။



ရန်ကုန်တိုင်းတွင်းအနေဖြင့် ယနေ့ ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅)နှစ်ပြည့်တွင်   မြောက်ဥက္ကလာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာနှင့် တောင်ဒဂုံမြို နယ်များတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွား‌ခဲ့ကြောင်း ဒေသခံများထံက သိရသည်။