ချောင်းဦးမြို့နယ်အတွင်းရှိ ကံဇီးရွာပျူစခန်းအား တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီဘက်က (၁၅)ဦးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ချောင်းဦးမြို့နယ်အတွင်းရှိ ကံဇီးရွာပျူစခန်းအား တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီဘက်က (၁၅)ဦးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

 စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း ကံဇီးရွာ ပျူစောထီးစခန်းအား တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၅)တပ်ရင်း Aung San Force -ASF က ယနေ့ စက်တင်ဘာလ(၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။ 

စခန်းသိမ်းတိုက်ပွဲအား ၂၀၂၄ ခုနှစ် စက်တင်ဘာ(၁၉)ရက်နေ့က ဆင်နွှဲခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က (၁၅)ဦးသေကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ၎င်းတို့၏ မိသားစုဝင်များ အပါအဝင် စုစုပေါင်း (၃၀)ကျော်ကို  အရှင်ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။ 

တိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်းတပ်များဘက်မှ ရဲဘော် (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိသည်ဟုလည်း သိရသည်။ 

ယင်း စခန်းသိမ်းစစ်ဆင်ရေးအား ချောင်းဦးမြို့နယ် အခြေစိုက်တပ်ရင်းများဖြစ်သော မုံရွာခရိုင်တပ်ရင်း ( ၅၊ ၈ ၊ ၉ ၊ ၁၀ ၊ ၁၂၊ ၁၅ ၊ ၁၇ )မှ ဦးဆောင်၍ ခရိုင် (ခရိုင်) ပကဖ၊ မုံရွာခရိုင် တပ်ရင်း(၃)၊ မုံရွာခရိုင် တပ်ရင်း(၂၄)တို့ ပူးပေါင်းသိမ်းပိုက်ခဲ့ခြင်း​ဖြစ် ကြောင်း သိရသည်။

#TachileikNewsAgency

Photo: မုံရွာခရိုင် အမှတ် ၅ တပ်ရင်း A.S.F