မြဝတီမြို့တွင် ထိုင်းကုန်စည်များကို သပိတ်မှောက်ရေး စစ်ကောင်စီထောက်ခံသူများ ဆန္ဒထုတ်ဖော်

မြဝတီမြို့တွင် ထိုင်းကုန်စည်များကို သပိတ်မှောက်ရေး စစ်ကောင်စီထောက်ခံသူများ ဆန္ဒထုတ်ဖော်

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် စစ်ကောင်စီထောက်ခံသူများနှင့် BGF များက ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၈)ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ကုန်စည်များကို အသုံးမပြုရန် ဆန္ဒပြကြကြောင်း သိရသည်။

မြဝတီဒေသရှိ ကျားဖြန့်(ငွေကြေးလိမ်လည်ဂိုဏ်း) များအား နှိမ်နင်းရန် မြန်မာနိုင်ငံသို့ ပေးနေသည် လျှပ်စစ်မီးနှင့် စက်သုံးဆီတို့ကို ထိုင်းနိုင်ငံက ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။ 

ထို့ကြောင့် မြဝတီရှိ စစ်ကောင်စီထောက်ခံသူများက ထိုင်းကုန်စည်များနှင့် နယ်စပ်ဂိတ်များ ပိတ်သိမ်းရေး၊ မြန်မာနိုင်ငံသို့ သွင်းခွင့်မပြုရေးနှင့် ထိုင်းကုန်စည်များ မသုံးစွဲရေး ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်။

#TachileikNewsAgency

#TNA_MAT

Photo:CJ