မိုင်းလား NDAA တပ်ဖွဲ့တည်ထောင်သူ ဦးစိုင်းလင်း ကွယ်လွန်

မိုင်းလား NDAA တပ်ဖွဲ့တည်ထောင်သူ ဦးစိုင်းလင်း ကွယ်လွန်
သြဂုတ် 9, 2024 | 2021 Military Coup| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့(NDAA) မိုင်းလားကို တည်ထောင်သူ ဦးစိုင်းလင်း ယနေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ(၇) ရက်နေ့တွင် ကွယ်လွန်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီဥက္ကဌ ဦးစိုင်းလင်း (အသက် ၇၆ နှစ်)သည် လူကြီးရောဂါဖြင့် ၎င်း၏ နေအိမ်၌ပင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရသည်။

ဦးစိုင်းလင်း၏ စျာပနအခမ်းအနားကို သြဂုတ်လ (၂၃)ရက်နေ့တွင် မိုင်းလားမြို့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးစိုင်းလင်းသည် (၃၅)နှစ်ကြာ NDAA မိုင်းလားဥက္ကဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး အစိုးရအဆက်ဆက်နှင့် ငြိမ်းချမ်းရေးရယူခဲ့သည်။ 

ဦးစိုင်းလင်း၏ ဇနီးဒေါ်နန်းရင်မှာ ကိုးကန့်တပ်ဖွဲ့ (MNDAA)ကို ထူထောင်ခဲ့သူ ဦးဖုန်ကြားရှင်၏ သမီးဖြစ်သည်။ 

လက်ရှိ MNDAA ခေါင်းဆောင်မှာ ဦးဖုန်ကြားရှင် သား ဦးဖုန်တဲ့ရင် ဖြစ်သည်။

#TachileikNewsAgency

Photo: Mongla SR4 News Agency