ပဲခူးရိုးအနောက်ခြမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ DIY Multirotir ဒရုန်းတစ်စီးအား တော်လှန်ရေးတပ်ဖွဲ့မှ ပစ်ချသိမ်းဆည်း

ပဲခူးရိုးအနောက်ခြမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ DIY Multirotir ဒရုန်းတစ်စီးအား တော်လှန်ရေးတပ်ဖွဲ့မှ ပစ်ချသိမ်းဆည်း

ပဲခူးတိုင်း မင်းလှမြို့နယ် ဆားချောင်းကျေးရွာအနီး တိုက်ပွဲအတွင်း စစ်ကောင်စီ၏ DIY Multirotir ဒရုန်းတစ်စီးအား ပစ်ချသိမ်းဆည်းကြောင်း သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်း MDF-Special Force (အထူးစစ်ကြောင်း) ထံမှ သိရသည်။

ပဲခူးရိုးအနောက်ခြမ်း ဆားချောင်းကျေးရွာအနီး အင်အား (၄၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ၂၀၂၄ခုနှစ် သြဂုတ်လ (၃၀) ရက်နေ့ မွန်းလွဲ (၁၂)နာရီခန့်မှ စတင်ပြီး ထိတွေ့တိုက်ပွဲ (၁) နာရီခန့်ကြာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများ ၊ 79 မမများ ၊ တိုက်ခိုက်ရေးအမျိုးအစား DIY Multirotir ဒရုန်းများဖြင့် အဆက်အပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့မှ စစ်ကောင်စီ၏ 6KG Payload သယ်ဆောင်နိုင်သည့် ဒရုန်တစ်စီးအား ပစ်ချသိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၇) ဦး သေဆုံးကြောင်း အတည်ပြုနိုင်ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း MDF- Special Force (အထူးစစ်ကြောင်း) က ဆိုသည်။

စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် တော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း တပ်ဖွဲ့ဝင် (၁)ဦး ဗုံးစထိမှန် မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီသည် စစ်ကြောင်း (၃)ကြောင်းပူးပေါင်းကာ အင်အား (၁၅၀) ဝန်းကျင်ဖြင့် ဆားချောင်းကျေးရွာသို့ အင်အားဖြည့်တင်းထားပြီး တိုက်ပွဲနှင့်မသက်ဆိုင်သည့် ပတ်ဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၅)ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ ဆားချောင်းကျေးရွာအား မီးတင်ရှို့ခဲ့ပြီး အရပ်သားပြည်သူ (၃၀၀)ခန့် အိုးအိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရှိရသည်။

#TachileikNewsAgency